ဆိုရှယ်မီဒီယာ လူမှုကွန်ရက်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်နိုင်ဖို့၊ သတင်းအချက်အလက်တွေ သိနိုင်ဖို့၊ လူအများအပြား ပျော်ရွှင်စေဖို့ ဆိုနိုင်ပေမယ့် ဒီလူမှုကွန်ရက်ကြောင့်ပဲ စိတ်ဖိစီးမှုတွေ ကြုံနေရပြန်ပါတယ်။ လူတွေဟာ လူမှုကွန်ရက်ကတစ်ဆင့် သူတို့နေ့စဥ်ဘဝမှာ အချိန်တိုင်းအဆင်ပြေနေပုံကို ချပြတဲ့အခါ ဒါကို ကြည့်မိတဲ့သူတွေမှာလည်း စိတ်အားငယ်မှု တွေ၊ အလိုမကျမှုတွေ ဖြစ်စေနိုင်ပြန်ပါတယ်။ ဒါတင်မကသေးပါဘူး။ ခုကာလမှာ ကပ်‌ရောဂါသတင်းတွေအပြင် ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့သတင်းဆိုးတွေကို မြင်ရတဲ့အခါ လူတွေမှာ စိတ်ဖိစီးမှုဒဏ်တွေ ပိုပြီးပြင်းပြင်းထန်ထန် ခံစားရစေပါတယ်။ ဒီသတင်းဆိုးတွေကို မြင်နေရပြီး ကိုယ်တိုင်ကလည်း မစွမ်းသာတဲ့အခါ စိုးရိမ်ကြောင့်ကြမှုတွေများလာပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပိုပြီးများပြားလာပါတယ်။ ဒီလိုမျိုး လူမှုကွန်ရက်သုံးစွဲတာက တစ်ဆင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေ သက်သာစေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသင့်သလဲဆိုတာ ကြည့်ရအောင်။

ဆိုရှယ်မီဒီယာကို အချိန်သတ်မှတ်ပြီးသုံးပါ

Photo: The Independent

ညအိပ်ချိန်မှာ ဆိုရှယ်မီဒီယာမှာ အချိန်ဖြုန်းမယ့်အစား ကိုယ့်ကိုစိတ်သက်သာစေတာ၊ ခွန်အားရစေတဲ့ နည်းလမ်းမျိုးတွေ လုပ်ကြည့်သင့်ပါတယ်။ ဆိုရှယ်မီဒီယာကြောင့် စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ ဟော်မုန်းတွေ ထွက်လာပါတယ်။ ပုံမှန်အချိန်မှာဆို စိတ်ဖိစီးမှုဟော်မုန်းတွေကို ကုန်အောင် အသုံးချလို့ရပေမယ့် ညအိပ်ချိန်မှာတော့ စိတ်ဖိစီးမှုဟော်မုန်းတွေကုန်သွားဖို့ နေရာမရှိပါဘူး။ အဲဒီအကျိုးဆက်က ကိုယ်ခန္ဒာကိုယ်ကို ဆိုးကျိုးဖြစ်စေပြီး ညအိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီးကြည့်မယ့်အစား အချိန်လေးကို သတ်မှတ်ပြီး ကြည့်တာမျိုး လုပ်ပေးပါ။

သတင်းမှား/သတင်းမှန်ခွဲခြားပါ

Photo: BW

ဆိုရှယ်မီဒီယာက သတင်းတွေကို ကြည့်တဲ့အခါ သတင်းမှား/သတင်းမှန် ခွဲခြားစိစစ်တတ်ဖို့ လိုပါတယ်။ မိမိရဲ့ လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုလူက သတင်းမှန် တင်လေ့ ရှိလဲ။ ဘယ်သူက တွေ့ကရာသတင်းတွေကို ကိုယ့်ဆီကို ပို့တတ်လဲ။ ဘယ်သူ့သတင်းတွေက သတင်းမှားဖြစ်နေတာလဲဆိုတာကို သေချာလေ့လာဆန်းစစ်ပြီး ချင့်ချိန်ယုံပါ။

တစ်ချို့အရာတွေက ပုံရိပ်ယောင်ဖြစ်နေတာကို သတိပြုပါ

Photo: HuffPost

ဖေ့ဘွတ်ခ်ဆိုတာက ကိုယ့်ကိုလူအများကြီးမြင်နိုင်တာဖြစ်တဲ့အတွက် လူတိုင်းက သူတို့နေ့စဥ်ဘဝမှာ ဖြစ်နေတာတွေကို အတိအကျကြီး ပြနေတာမဟုတ်ပါဘူး။ တစ်ချို့ကျ‌တော့လည်း သူတို့ရဲ့နေ့စဥ်ဘဝမှာ ကောင်းမွန်တဲ့ အရာတွေချည်းပဲ တင်လေ့ရှိတာကို ကိုယ်က လိုက်ကြည့်ပြီးတော့ ငါကျတော့ အဲဒီလို မဖြစ်ပါလားဆိုပြီး ဝမ်းနည်းမှု၊ အားငယ်မှုတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ကျတော့လည်း ဘဝရဲ့ အဆင်မပြေမှုတွေကိုပဲချပြတတ်ပါတယ်။ ကိုယ်က အကုန်လုံးကို လိုက်မခံစားဖို့ လိုပါတယ်။ လူတစ်ယောက်ကပျော်ရွှင်နေတာမျိုးပဲ တင်နေရင် သူ့မှာ လည်း စိတ်ညစ်တဲ့အချိန် ရှိမှာပဲလို့ ကိုယ့်ကိုယ်ကို သတိပေးလိုက်ပါ။ အရမ်းစိတ်ညစ်တာတွေပဲ တင်နေရင်လည်း ဒါကအချိန်တိုင်းဖြစ်နေတာမဟုတ်ဘူး။ သူ့မှာလည်း အဆင်ပြေတဲ့အချိန် ရှိမှာပဲလို့ တွေးနိုင်ပါတယ်။ လူတိုင်းက ဘဝအစစ်အမှန်အကုန်လုံးကိုလူမှုကွန်ရက်ပေါ်မှာ ချပြတာမဟုတ်ပါဘူး။ လူမှုကွန်ရက်ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်‌ဒေသပဲဆိုတာ သတိပြုဖို့ လိုအပ်ပါတယ်။ 

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က