ဥရောပထိပ်သီးအသင်းအချို့အနေနဲ့ ပိုချက်တီနိုကို ခေါ်ယူဖို့စိတ်ဝင်စားနေခဲ့တာပါ။

နည်းပြပိုချက်တီနိုအနေနဲ့ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်မြင့်မားခဲ့သော်လည်း လက်ရှိရာသီတွင်မူရ လဒ်ကောင်းရရှိဖို့ ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။

စပါးအသင်းတာဝန်ရှိသူတွေအနေနဲ့ ရလဒ်ဆိုးအချို့ရှိနေခဲ့ပေမယ့် စာချုပ်ပါ အချက်အလက်တွေ အရ နည်းပြပိုချက်တီနိုကို ရာထူးကနေထုတ်ပယ်ဖို့ အခက်အခဲအချို့ရှိနေတယ်လို့ dailymailရဲ့အခိုင်အမာ  ဖော်ပြချက်အရ သိရပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ် ၂ပွဲကစားပြီးချိန်မှာနိုင်ပွဲလုံးဝမရှိသေးတဲ့အပြင်ပရီးမီးယားလိဂ်တွင်လည်း ရလဒ်ပိုင် း လိုအပ်ချက်ရှိနေခဲ့ပြီး အမှတ်ပေးဇယားထိပ်ပိုင်းမှာရှိနေတဲ့ လီဗာပူးအသင်းနဲ့အကြားရမှတ် ၁၀မှတ်အ  ထိကွာဟနေခဲ့တာလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ နည်းပြပိုချက်တီနိုကို ချုပ်ဆိုထားတဲ့ စာချုပ်အတွင်း အသင်းဘက်ကနေထု  တ်ပယ်ဖြစ်ခဲ့ပါက အသင်းကနေ စာချုပ်လျော်ကြေးပေါင် ၃၈သန်းပေးလျော်ရမယ့်အချက်ပါ ဝင်နေတဲ့ အတွက် အခုလိုအခက်တွေ့နေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးတဲ့နောက် အသင်းသမိုင်းတ စ်  လျှောက် အိမ်ကွင်းရှုံးပွဲများတွင် အဆိုးရွားဆုံးဂိုးပြတ်ရှုံးပွဲကြုံဖြစ်လာခဲ့တဲ့အတွက် နည်းပြပိုချက်တီန ို အနေနဲ့ ဖိအားအချို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

စပိန်မီဒီယာအချို့ရဲ့ဖော်ပြချက်အရ ပိုချက်တီနိုအနေနဲ့ စပါးအသင်းကနေ ကိုယ်တိုင်နှုတ်ထွက်မှ သာ  အသင်းပြောင်းခွင့်ရဖို့ရှိနေပြီး စပါးအသင်းဘက်ကနေတော့ ရာထူးကနေထုတ်ပယ်ဖို့မရှိဘူးလို့လည်း  သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

Share

Loading Next Article...
က္က