မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားအပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လာပြီး နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ မပျော်မရွှင်ဖြစ်နေတဲ့ ပေါ့ဂ်ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ကိစ္စ ပြောဆိုဆွေးနွေးဖို့ကို ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ ပေါ့ဂ်ဘာဟာ မန်ချက်စတာာယူနိုက်တက်အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုထားပြီး စာချုပ်သက်တမ်း ၂ နှစ်ရှိနေပြီဖြစ်ပါတယ်။
Photos: Metro
ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယခုရာသီမှာ ပွဲထွက်ပါဝင်ခွင့်ရရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက နည်းပြမော်ရင်ဟိုနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့ပြီး အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာကို လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယခုနွေရာသီမှာ ပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
နည်းပြရာထူးကနေ အဖြုတ်ခံလိုက်ရတာကို ထူးထူးဆန်းဆန်းသိလိုက်ရတဲ့ မူရီဇီယိုဆာရီ
ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာကို ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်တဲ့ မိုင်နိုရွိုင်အိုလာနဲ့ စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။ ESPN ရဲ့သတင်းအရ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ပေါ့ဂ်ဘာရဲ့စာချုပ်သစ်အတွက် ဆွေးနွေးနေမှုတွေကို ရွှေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။
Photos: Metro
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘုတ်အဖွဲ့ဟာ ပေါ့ဂ်ဘာအနေနဲ့ အိုးထရက်ဖို့ဒ်မှာပဲ ဆက်လက်ရှိနေမယ်လို့ ယုံကြည်နေပြီး လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်မှာ ထည့်သွင်းထားတဲ့အချက်အရ စာချုပ်သက်တမ်းကုန်ဆုံးခါနီးမှာ တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၀ ခုနှစ်မှသာ စာချုပ်သစ်အတွက် ပြန်လည်ဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ပေါ့ဂ်ဘာက အသင်းနဲ့အနာဂတ်ကို ရှင်းလင်းပြောဆိုဖို့ ငြင်းပယ်ခဲ့ပြီး လာမယ့် ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
"ကျွန်တော့်ရဲ့အနာဂတ်ကတော့ လတ်တလောအထိတော့ မန်ချက်စတာယူနိုက်တက်မှာပါပဲ"
"ကျွန်တော့်ရဲ့စာချုပ်သက်တမ်းက ရှိနေပါသေးတယ်။ အဲဒီမှာ ကျွန်တော် ကစားနေဦးမှာပါ။ ဒါပေမယ့် နောက်လအနည်းငယ်အတွင်းမှာ ဘာတွေဖြစ်ပျက်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"လို့ ပြောကြားခဲ့ပါတယ်။