နည်းပြပွန်ချက်တီနိုရဲ့ စိတ်ကျေနပ်မှုကို ရရှိစေခဲ့သူ ဖြစ်ပါတယ်။

ဒေါ့မွန်ကို ၃-၀ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အဖွင့်ဦးဆောင်ဂိုးကိုသွင်းပေးခဲ့သလို တိုက်စစ်ကိုလည်း အကောင်းဆုံး ဦးဆောင်ကစားနိုင်ခဲ့သူပါ။

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ တစ်နှစ်အတွင်းမှာ လစာနှစ်ကြိမ်တိုးမယ့် အခွင့်အရေးနဲ့ ကြုံကြိုက်နေပြီလို့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဆွန်ဟောင်မင်အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကမှ အသင်းနဲ့ ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားသူဖြစ်ပြီး အခုအခါမှာတော့ နောက်ထပ် စာချုပ်သစ်တစ်ရပ်ကို မြင့်မားတဲ့လစာတစ်ရပ်နဲ့ ထပ်တိုးကမ်းလှမ်းလိုက်တာလို့ လည်း သိရပါတယ်။



ဆွန်ဟောင်မင်ရဲ့ လက်ရှိ စာချုပ်အရ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းတစ်သောင်းဝန်းကျင်ရရှိနေပြီး အခု ထပ်တိုးပေးမယ့် စာချုပ်အရ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲအထိ ရရှိတော့မှာလည်း ဖြစ်ပါတယ်။ ဒီလစာနှုန်းထားဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူး အင်္ဂလန်လက်ရွေးစင် ဒယ်အလီရဲ့ လစာနှုန်းထားနီးပါးလောက်အထိ ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

ဆွန်ဟောင်မင်ဟာ စပါးအသင်းရဲ့ အားထားရတဲ့ ကိန်းနဲ့အလီတို့ မကစားနိုင်ချိန်မှာလည်း အသင်းတိုက်စစ်ကို အကောင်းဆုံး ဦးဆောင် ကစားနေနိုင်ခဲ့သူ ဖြစ်ပါတယ်။

ထူးခြားတဲ့တိုက်ဆိုင်မှုကတော့ဆွန်ဟောင်မင် ဂိုးသွင်းနိုင်တဲ့ နောက်ဆုံး ၁၃ ပွဲကို ပြန်ကြည့်လိုက်ရင် စပါးဟာ လုံး၀ မရှုံးနိမ့်ထားတာ တွေ့ရလို့ ပြီးခဲ့တဲ့ ဒေ့ါမွန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ပွန်ချက်တီနိုက - “ နောက်တစ်ကြိမ် ဆွန် ဂိုးသွင်းရင် အဝတ်လဲခန်းထဲသွားပြီး ရေချိုးကာ ပွဲပြီးမှာကို အေးဆေး ထိုင်စောင့်နေရုံပဲ” လို့တောင် ဟာသနှောပြောထားပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဆွန်ဟောင်မင်ဟာ ဒီကနေ့အချိန်အထိ အသင်းအတွက် ၂၃ ပွဲ ကစား ပေးထားရမှာ ၁၆ ဂိုးအထိ သွင်းယူပြီး သွင်းဂိုးတွေနဲ့ သက်သေပြထားသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က