အဂွေရိုက ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲက မပြီးသေးဘဲ ရာသီနောက်ဆုံးပိတ်ပွဲစဉ်အထိ ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဂန္တဝင် ဆာဂျီယို အဂွေ့ရိုက အာဆင်နယ်အသင်းအနေနဲ့  ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့အတွက် နောက်ဆုံးပွဲစဉ်စဉ်ရဲ့ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ပရီးမီးယားလိဂ်ရာသီရဲ့နောက်ဆုံးဇာတ်သိမ်းပိုင်း ပြန်လည်စတင်တော့မယ့်အချိန်မှာ ဂန်းနားတွေဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက မန်စီးတီးထက် ၁ ပွဲပို ၈ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

 

ဒီအခင်းအကျင်းက အာဆင်နယ်ပရိသတ်တွေအတွက် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တော့မယ်လို့ အိပ်မက်မက်စေခဲ့တာဖြစ်ပေမယ့်လည်း အားလုံးကလည်း ပြီးခဲ့တဲ့ရာသီတွေတုန်းကလို ရာသီနှောင်းပိုင်းမှ ကပ်ဖြုတ်တတ်တဲ့ မန်စီးတီးကိုလည်း သတိထားနေရဆဲဖြစ်ပါတယ်။

 

မန်ချက်စတာစီးတီးဂန္တဝင် အဂွေရိုက ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲက မပြီးသေးဘဲ ရာသီနောက်ဆုံးပိတ်ပွဲစဉ်အထိ ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။ “အဲဒါက ဆုဖလားပြိုင်ပွဲရဲ့ အလှပါ။ အဲဒါကို ကျွန်တော် အများကြီး သိပါတယ်။ အာဆင်နယ်က အရှိန်မကျဘဲ ဆက်သွားနေပြီး ကျွန်တော် အာတီတာကို ကောင်းကောင်းသိပြီး အများကြီး လေးစားမှုရှိပါတယ်။ သူက သူ့အသင်းဆီကနေ အကောင်းဆုံးပုံစံရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သေချာသိပြီး လူငယ်ကစားသမားတွေ၊ ရည်မှန်းချက်ရှိတဲ့ ကစားသမားတွေအများကြိး အဲဒီမှာရှိနေတယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ သူတို့ကို ထပ်ချပ်မကွာ လိုက်နေပါတယ်။ ကိုယ်တွေ့ အတွေ့အကြုံအရ ပရီးမီးယားလိဂ်က နောက်ဆုံးပွဲ နောက်ဆုံးမိနစ်အထိ မပြီးဆုံးသေးဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ရဲ့ ဒီအင်န်အေပဲ။ ကျွန်တော်တို့ ရမှတ်ကွာဟမှုကို လျှော့ချပြီး ဆုဖလားကို ဆွတ်ခူးသွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က