ပရိသတ်တွေအကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ အဲဗာတန်တို့ တန်းဆင်းရမယ့်အန္တရာယ်ကနေ ကင်းဝေးသွားခဲ့ပါပြီ။ အိမ်ကွင်းမှာ ပဲလေ့စ်ကိုနှစ်ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့ပေမယ့်လည်း ၃ ဂိုးပြန်သွင်းခဲ့ကာ အနိုင်ယူခဲ့ပြီး တဖက်မှာ ဘန်လေက ဗီလာကို သရေသာကစားနိုင်ခဲ့လို့ တပွဲအလိုမှာပဲ ၄ မှတ်အထိ အသာစီးရသွားလို့ အဲဗာတန်တို့ တန်းတင်ကျန်ရစ်ဖို့ သေချာခဲ့တာဖြစ်ပါတယ်။ 

ပဲလေ့စ်ရဲ့ ဦးဆောင်မှုကြောင့် အဲဗာတန်ပရိသတ်တွေ ရင်ခုန်သံတွေမြန်ခဲ့ရပေမယ့် မိုက်ကယ်ကိန်း၊ ရစ်ချာလီဆန်နဲ့ ကယ်လ်ဗတ်လီဝင်တို့က အရေးပါတဲ့ဂိုးတွေကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ လမ်းပတ်တယောက် အဲဗာတန်ကို တန်းမဆင်းရအောင် လုပ်ပေးနိုင်ခဲ့တာက နည်းပြဘ၀မှာ အမှတ်ရစရာအခိုက်အတန့်တခုဖြစ်လာမျာလည်း သေချာပါတယ်။ 

ပွဲအပြီးမှာတော့ အဲဗာတန်ပရိသတ်တွေက ကွင်းထဲဝင်ရောက်အောင်ပွဲခံခဲ့တာ ကြက်သီးထစရာတောင်ကောင်းခဲ့ပါတယ်။ ကွင်းလုံးပြည့်ပရိသတ်တွေအောင်ပွဲခံနေခဲ့ပြီး ကစားသမားတွေနဲ့လည်း အတူတူရှိနေခဲ့ကြပါတယ်။ ဆုဖလားတလုံးကို ဆွတ်ခူးခဲ့လို့ အောင်ပွဲခံတာထက်တောင်မှ ပိုတဲ့ မြင်ကွင်းတွေဖြစ်ပြီး တန်းမဆင်းရရေးက ဘယ်လောက်ထိအဓိပ္ပာယ်ရှိလဲဆိုတာကိုလည်း ပီပြင်စေခဲ့ပါတယ်။ 

ဒါကြောင့် လက်ကျန်တန်းဆင်းတနေရာအတွက် ဘန်လေနဲ့ လိဒ်တို့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ရင်ဆိုင်ရဖို့ ရှိနေတဲ့ အဲဗာတန်တို့ အသက်ရှူချောင်သွားခဲ့ပြီး အစဉ်အလာမပျက် ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားနိုင်တော့မှာပါ။ အဲဗာတန်ရဲ့နိုင်ပွဲကလည်း စပါးနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဆိုင်နေရတဲ့ အာဆင်နယ်အတွက် သွယ်ဝိုက်ပြီးတော့ အားတက်စရာဖြစ်လာခဲ့ရပါပြီ။ 

Share

Loading Next Article...
က္က