မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်က သူ့ရဲ့ အသင်းဟောင်းအနေနဲ့ အကောင်းဆုံးပြိုင်ဆိုင်မှုတွေကို လုပ်ချင်တယ်ဆိုရင် လူကာကူကို ခေါ်ယူသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လူကာကူဟာ ယူနိုက်တက်မှာ ၂ ရာသီကြာကစားခဲ့ပြီးနောက် ထင်မှတ်သလောက် ခြေစွမ်းမပြနိုင်ဘဲ အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ယူနိုက်တက်က အထောင်တိုက်စစ်မှူးပြသနာရှိနေပြီး ဟော့ဂျ်လန်းကို ခေါ်ယူထားပြီးဖြစ်ပေမယ့် ဒဏ်ရာကြောင့် ရက်အတန်ကြာ အနားပေးထားရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ရက်ရှ်ဖို့ဒ်က အထောင်တိုက်စစ်မှူးပုံစံကစားခဲ့ရပြီး အခြားတိုက်စစ်မှူးဖြစ်တဲ့ မာရှယ်ကလည်း ကြံ့ခိုင်မှုပြသနာမပြည့်၀လို့ တန်ဟက်ဂျ်အတွက် အခက်တွေ့ခဲ့ရပါတယ်။
အခုအခါမှာ ဒွိုက်ယော့ခ်က "လူကာကူက ထိပ်တန်းအသင်း ၆ သင်းမှာ ကစားနိုင်ဖို့ လုံလောက်တဲ့ အရည်အသွေးရှိနေတုန်းပါပဲ၊ ယူနိုက်တက် ဒါမှမဟုတ် စပါးအနေနဲ့ လူကာကူကို ရေတိုအတွက် ခေါ်ယူသင့်ပြီး သူ့ရဲ့ လုပ်ခလစာပမာဏကို ပေးချေဖို့သင့်တယ်လို့လည်း ကျနော်ထင်တယ်"
"လူကာကူအကြောင်း အားလုံးပြောနေတာ ကျနော်သိပါတယ်၊ သူက အရမ်းအထင်ကြီးစရာကောင်းတဲ့ ဂိုးသွင်းမှတ်တမ်းတွေ ပိုင်ဆိုင်ထားပြီး သူနဲ့ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို မရရှိခဲ့တဲ့သူပါ၊ သူက match-winner တဦးဖြစ်ပြီး ဘယ်ပြိုင်ဘက်ကိုမဆို ရင်ဆိုင်နိုင်ပါတယ်၊ ယူနိုက်တက်က ဟော့ဂျ်လန်းအတွက် များပြားတဲ့ ရင်းနှီးမှုတွေလုပ်ခဲ့တယ်"
"ဒါပေမယ့် အကောင်းဆုံးပြိုင်ဆိုင်ဖို့အတွက်ဆိုရင် တရာသီကို ၁၅ ဂိုးကနေ ဂိုး ၂၀ လောက် သွင်းပေးနိုင်တဲ့ လူကာကူလို ကစားသမားက ပိုကောင်းပါတယ်၊ ဒီဘက်ခေတ်မှာ သူ့လိုကစားသမားမျိုးကို မြင်တွေ့ရဖို့က ရှားပါးပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။