ပြင်သစ်ကွင်းလယ်လူအနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ကို ဆန္ဒရှိလာခဲ့ကာ အသင်းမှာကာလရှည်ကစားဖွယ်ရှိနေပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူပေါ့ဂ်ဘာဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုကာ အိုးထရက်ဖို့ဒ်မှာ ဆက်နေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ပြင်သစ်ကွင်းလယ်လူအနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ကို ဆန္ဒရှိလာခဲ့ကာ အသင်းမှာကာလရှည်ကစားဖွယ်ရှိနေပြီဖြစ်ပါတယ်။
ပေါ့ဂ်ဘာကတော့ ယူနိုက်တက်မှာ အနာဂတ်မသေမချာဖြစ်နေပြီး အသင်းကထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ ဒီရာသီမှာ ခြေကျုင်းဝတ်ဒဏ်ရာကြောင့် လအတန်ကြာအနားယူနေခဲ့ရသလို သူ့ရဲ့အေးဂျင့်ရွိုင်အိုလာရဲ့ ပြောဆိုခဲ့မှုတွေကြောင့် ရာသီကုန်မှာ အသင်းကထွက်ခွာမယ်လို့ ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အသင်းကိုကွင်းလယ်လူဖာနန်ဒက်စ်ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြသနေချိန်မှာ ပေါ့ဂ်ဘာက ဖာနန်ဒက်စ်နဲ့တွဲဖက်ကာ အကောင်းဆုံးအတွဲအဖက်တစ်ခုဖြစ်လာဖို့ ဆန္ဒရှိနေပါတယ်။ သူ့ရဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိလာခဲ့မှုမှာ ဖာနန်ဒက်စ်ကြောင့်လည်း ပါဝင်နေတယ်လို့ သိရပြီး သူကိုယ်တိုင်ကလည်း ခြေစွမ်းပြကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ပေါ့ဂ်ဘာကတော့ လက်ရှိမှာ တစ်ပတ်လုပ်ခပေါင် ၂၉၀၀၀၀ အထိရရှိနေပြီး စာချုပ်သစ်မှာ လစာတိုးမြှင့်ခံစားရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဘက်ကတော့ ကစားသမားရဲ့ ဆန္ဒပြောင်းလဲလာမှုက သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပြီး စာချုပ်သစ်ကို အမြန်ဆုံးချုပ်ဆိုဖွယ်ရှိနေပါတယ်။ ပေါ့ဂ်ဘာရဲ့ ဆန္ဒက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် နဲ့ ဂျူဗင်တပ်စ်တို့ကိုတော့ စိတ်ပျက်စေဖို့ ဖြစ်လာခဲ့ပါတယ်။