ဇွန်လ (၁၈)ရက်က ကျင်းပခဲ့တာပါ။

Seasons Bakery & Café ရဲ့ (၁၇) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို Season Bakery & Café ဆိုင်ခွဲတွေဖြစ်တဲ့ သမိုင်း၊မြေနီကုန်း၊ပင်လုံစစ်တောင်း ဆိုင်တွေမှာ စားသုံးသူတွေနဲ့အတူ ဇွန်လ (၁၈)ရက်က ကျင်းပခဲ့ပါတယ်။

 ဒီအထိမ်းအမှတ်ပွဲမှာ စားသုံးသူတွေနဲ့အတူ မွေးနေ့ကိတ်ခွဲပြီး လာရောက်စားသုံးသူတွေ ရင်းနှီးပျော်ရွှင်စေဖို့  အမှတ်တရ လက်ဆောင် ပေးအပ်တာတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Seasons Bakery & Café ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “For Every Occasion” ဆိုတဲ့အတိုင်း (၁၇)နှစ်တာ ကာလပတ်လုံး စားသုံးသူတွေရဲ့ ပျော်ရွှင်စရာ အမှတ်တရ အချိန်တွေမှာ ပါဝင်ဖြည့်ဆည်းခွင့်ရတဲ့ အတွက် ဝမ်းသာမိကြောင်းနဲ့ အနာဂတ် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု၊ အရည်အသွေးကောင်းမွန်တဲ့ မုန့်အသစ်အဆန်းတွေကို ထုတ်လုပ်သွားမှာ ဖြစ်ကြောင်းကို Marketing Director ဒေါ်မေဇင်စိုးထက်က အဲဒီ အထိမ်းအမှတ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

Seasons Bakery & Café ကို ၂၀၁၂ခုနှစ်က Junction 8 မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခုလက်ရှိမှာတော့ ရန်ကုန်၊မန္တလေး၊နေပြည်တော်၊မုံရွာ၊မော်လမြိုင်၊ပုသိမ်၊တောင်ကြီး စတဲ့ မြို့ကြီးတွေမှာ ဆိုင်ခွဲပေါင်း (၄၀) ဖွင့်လှစ်ထားပါတယ်။

Share

Loading Next Article...
က္က