ခြေစမ်းပွဲ ၄ပွဲခန့် ကစားဖို့ရှိတယ်လို့ ဆိုပါတယ်။

လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၂၀၂၂ ဇန်နဝါရီလ ၁ ရက်နေ့အထိ ကျင်းပသွားမယ့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။ 


ဆူဇူကီးဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ပြိုင်ပွဲမတိုင်ခင် ၁ လကြာ လေ့ကျင့်မှုတွေပြုလုပ်ဖို့အတွက် တူရကီနိုင်ငံကို ထွက်ခွာသွားခဲ့ပြီလို့သိရပါတယ်။ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၂၀၂၂ ဇန်နဝါရီလ ၁ ရက်နေ့အထိ ကျင်းပသွားမယ့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။ 



အုပ်စု (က)မှာ ထိုင်း၊ အိမ်ရှင်စင်ကာပူ၊ ဖိလစ်ပိုင်၊ ခြေစစ်ပွဲအောင်အသင်းတစ်သင်းနဲ့အတူ ကျရောက်နေတဲ့ မြန်မာအသင်းဟာ အုပ်စုအဆင့်က လွတ်မြောက်ဖို့အတွက်တော့ ပုံမှန်ထက်ကြိုးစားရဖို့ရှိနေပါတယ်။ ဒါကြောင့် ဥရောပကို သွားရောက်လေ့ကျင့်မှာဖြစ်ပြီး ခြေစမ်းပွဲ ၄ ပွဲ ဒါမှမဟုတ် ၅ ပွဲအထိ ကစားသွားဖို့ရှိနေကာ အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ သတင်းတွေအရတော့ အောက်ပါကစားသမားတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 

နည်းပြအဖြစ် အန်တိုနီဟေးက တာဝန်ယူထားပြီး ကစားသမား ၁၉ ဦးအထိ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။ ဂိုးသမားအဖြစ် မျိုးမင်းလတ်၊ ပြည့်ဖြိုးအောင်၊ အာကာ၊ နောက်တန်းမှ အောင်နိုင်ဝင်း၊ ဒေးဗစ်ထန်၊ ဟိန်းဖြိုးဝင်း၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ အလယ်တန်းမှာ လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ နေမိုးနိုင်၊ မောင်မောင်ဝင်း၊ ရှေ့တန်းအတွက် သန်းပိုင်၊ ဆောင်လမန် နဲ ့ကောင်းထက်စိုးတို့ဖြစ်ပါတယ်။ 


လက်ရှိမှာ ထိုင်းလိဂ်ကို သွားရောက်ကစားနေတဲ့ အောင်သူ၊ ကျော်ကိုကို၊ ဇော်မင်းထွန်း၊ မလေးရှားလိဂ်မှာကစားနေတဲ့ အောင်ကောင်းမာန်နဲ့ ဟိန်းထက်အောင်တို့ကို ရွေးချယ်မှာလား၊ မရွေးချယ်ဘူးလားဆိုတာကိုတော့ မသိရသေးပါဘူး။ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ အဆိုပါကစားသမားတွေဟာ သက်ဆိုင်ရာလိဂ်တွေမှာ ကစားနေဆဲဖြစ်တာမို့ နောက်ကျမှသာ ပူးပေါင်းရဖွယ်ရှိနေပါတယ်။ 

လက်ရွေးစင်အသင်းကြီးနည်းတူ ယူ-၂၃ အသင်းကလည်း ယူအေအီးနိုင်ငံမှာ သွားရောက်လေ့ကျင့်ပြင်ဆင်နေပြီး ယူအေအီးလူငယ်ကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေကစားနေပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့က အယ်လ်ဂျာဇီးယားအယ်လ်ဟမ်ရာအသင်းနဲ့ ကစားခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီသရေပွဲအဖြစ်နဲ့ ပြီးဆုံးခဲ့တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က