ယခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲတွင် မပါဝင်နိုင်ခဲ့တဲ့ ကြယ်ပွင့်ကစားသမားများ စာရင်းမှာ မြန်မာ့ လက်ရွေးစင် ကစားသမား အောင်သူ ပါဝင်လာခဲ့ပါတယ်။ ဒီစာရင်းကိုတော့ ဆူဇူကီးပြိုင်ပွဲတရားဝင်ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Photo: Burium United

အောင်သူဟာ ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်တို့မှာ ပါဝင်ကစားခဲ့ပြီး ဆူဇူကီးပြိုင်ပွဲတလျှောက် မြန်မာအသင်းအတွက် သုံးဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။အောင်သူဟာ လက်ရှိမှာ ထိုင်းလိဂ်၏ နာမည်ကြီးကလပ် ဘူရီယမ်ယူနိုက်တက် အသင်းမှာ ကစားမှာနေပြီး အသင်းအတွက် ၁၃ ပွဲ ပွဲထွက် ကစားထားကာ ၂ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

Photo: Burium United

အောင်သူ ကစားနေတဲ့ ဘူရီယမ်အသင်းကတော့ ထိုင်းလိဂ် ပွဲစဉ် ၁၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၂ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ ယခုနှစ် ဆူဇူကီးပြိုင်ပွဲ လွဲချော်ခဲ့တဲ့ ကြယ်ပွင့်ကစားသမားတွေ စာရင်းမှာ အောင်သူ အပါအဝင် ဘူရီယမ် ကလပ်အသင်းဖော် ထိုင်းတိုက်စစ်မှူး ဆူဖာနက်နဲ့ အင်္ဂလန်ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဘာမင်ဂမ် စီတီးအသင်းမှာ ကစားနေတဲ့ ဖိလစ်ပိုင်ဂိုးသမား အက်သာရဇ် စတဲ့ ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။

Photo: Burium United

ဆူဇူကီးပြိုင်ပွဲဝင် မြန်မာအသင်းဟာ အဓိကတိုက်စစ်မှူးတွေ ဖြစ်တဲ့ အောင်သူနဲ့ ကျော်ကိုကို တို့ မပါဝင်ခဲ့တဲ့အတွက် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားနည်းချက်ရှိခဲ့ပြီး သုံးပွဲကစားအပြီးမှာ သွင်းဂိုးနှစ်ဂိုးသာ ရရှိထားပါတယ်။ မြန်မာအသင်းဟာ ဆူဇူကီးပြိုင်ပွဲ အုပ်စု ပွဲစဉ် သုံးပွဲ ကစားပြီးချိန်မှာ တစ်ပွဲနိုင် နှစ်ပွဲရှုံး ရမှတ် သုံးမှတ်သာ ရရှိထားတဲ့အတွက် အုပ်စုနောက်တစ်ဆင့် တက်ရောက်ဖို့ အခွင့်အလမ်း နည်းပါးနေပြီ ဖြစ်ပါတယ်။

Share

က္က