စုစုပေါင်း ၁၉ ဂိုးအထိ ရရှိထားပြီဖြစ်ပါတယ်။

ထိုင်းလက်ရွေးစင်အသင်းတိုက်စစ်မှူးတီယာဆေးဒန်ဒါဟာ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာ အုပ်စု (က) ပွဲစဉ်အဖြစ် ဖိလစ်ပိုင်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒန်ဒါက ထိုင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ပင်နယ်တီကတဆင့် နောက်တဂိုးသွင်းခဲ့လို့ ဒီပြိုင်ပွဲမှာ သူ့ရဲ့ စုစုပေါင်းသွင်းဂိုးက ၁၉ ဂိုးအထိ ဖြစ်သွားခဲ့ပါတယ်။ 

ထိုင်းဝါရင့်တိုက်စစ်မှူးဟာ ဆူဇူးကီးဖလားပွဲမှာ ခြေစွမ်းပြနေတာဖြစ်ပြီး မြန်မာအသင်းနဲ့ပွဲစဉ်မှာလည်း ၂ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ အာဆီယံဒေသရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးလို့ သတ်မှတ်ခံထားရပြီး စပိန်လာလီဂါမှာပါ သွားရောက်ကစားဖူးတဲ့ ဒန်ဒါဟာ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ 

မြန်မာနဲ့ပွဲမှာ ၂ဂိုးသွင်းပြီးနောက် ဒန်ဒါက စင်ကာပူကစားသမားနိုအလန်ရှားရဲ့ သွင်းဂိုး ၁၇ ဂိုးစံချိန်ကို လိုက်မီခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ပွဲမှာ ၂ ဂိုးသွင်းပြီးနောက် သူက စံချိန်သစ်တင်နိုင်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာဖြစ်လာခဲ့ပါတယ်။ ထိုင်းအနေနဲ့လည်း ဒီပွဲကိုအနိုင်ရခဲ့တာကြောင့် လက်ကျန်တပွဲကစားဖို့ကျန်နေသေးချိန်မှာပဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ 

ဖိလစ်ပိုင်ကို ထိုင်းက ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုတွင်းမှာ ၃ပွဲကစား ၃ပွဲစလုံးအနိုင်ရရှိထားကာ ထိုင်းက ချန်ပီယံခြေစွမ်းမျိုးကို ပြသနေပြီး လက်ရှိချန်ပီယံဗီယက်နမ်ကို စိန်ခေါ်နေပြီဖြစ်ပါတယ်။ ထိုင်းအနေနဲ့ အိမ်ရှင်စင်ကာပူကို နောက်ဆုံးပွဲမှာ ရင်ဆိုင်ရမှာဖြစ်ပြီး တဖက်အုပ်စုမှာ အုပ်စုပထမရဖွယ်ရှိတဲ့ ဗီယက်နမ်ကို ရှောင်လွှဲဖို့အတွက်ဆိုရင် အနိုင် (သို့) သရေကစားထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ 

Share

က္က