ယခုနှစ် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲဝင် အသင်းများရဲ့ ပြည်ပထွက် ကစားနေတဲ့ ကစားသမားများ ပါဝင်မှု စာရင်းမှာ မြန်မာအသင်းမှ ကစားသမား နှစ်ဦး ပါဝင်လာခဲ့ပါတယ်။

Photo: Sri Pahang FC

ထိုစာရင်းကို အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်တာ ဖြစ်ပြီး ဖိလစ်ပိုင်အသင်းကတော့ ပြည်ပထွက် ကစားနေတဲ့ ကစားသမား ၁၃ ဦးအထိ ဆူဇူကီးပြိုင်ပွဲမှာ ပါဝင်လာကြောင်း သိရပါတယ်။ ထိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းကတော့ ပြည်ပထွက် ကစားသမား ၅ ဦးဆီ ပါဝင်ပြီး အိမ်ရှင် စင်ကာပူအသင်းကတော့ ပြည်ပထွက် ကစားသမား ၄ ဦး ပါဝင်ပါတယ်။ မလေးရှားနဲ့ လာအိုအသင်းကတော့ ပြည်ပထွက်ကစားသမား ၃ ဦးစီ ပါဝင်ပြီး မြန်မာအသင်းမှာတော့ ပြည်ပထွက် ကစားနေတဲ့ ကစားသမား ၂ ဦးပါဝင်ကာ တီမောအသင်းကတော့ ပြည်ပထွက် ကစားသမား ၁ ဦး ပါဝင်ကြောင်း သိရပါတယ်။

Photo: Selangor FC

လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့မှာတော့ ပြည်ပထွက် ကစားနေတဲ့ကစားသမား တစ်ဦးမှ ပါဝင်လာခြင်း မရှိဘဲ ပြည်တွင်းလိဂ်က ကစားသမားများဖြင့်သာ ယှဉ်ပြိုင်နေပါတယ်။ ယခုနှစ် ဆူဇူကီးပြိုင်ပွဲဝင် မြန်မာအသင်းတွင် ပြည်ပထွက် ကစားသမားနှစ်ဦး အဖြစ် တိုက်စစ်မှူးအောင်ကောင်းမာန်နဲ့ ကွင်းလယ်တောင်ပံကစားသမား ဟိန်းထက်အောင်တို့ ပါဝင်လာတာ ဖြစ်ပါတယ်။

Photo: AFF

အောင်ကောင်းမာန်က မလေးရှားလိဂ်ကလပ် ဆရီပါဟန်းအသင်းမှာ ကစားခဲ့ပြီး လက်ရှိမှာတော့ အသင်းနဲ့လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ ဟိန်းထက်အောင်ကတော့ မလေးရှားလိဂ်ကလပ် ဆီလန်ဂေါမှာ ကစားနေတာပဲ ဖြစ်ပါတယ်။ ဟိန်းထက်အောင်ဟာ ဆူဇူကီးပြိုင်ပွဲဝင် မြန်မာအသင်းရဲ့ ပွဲစဉ်တိုင်းကို ပွဲထွက်ခွင့် ရရှိထားပြီး အသင်းအတွက် တစ်ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

Share

က္က