ဆွန်က အပိုင်အခွင့်အရေးကို လွဲချော်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲမှာ ဆွန်ဟောင်မင် အပိုင်အခွင့်အရေး တစ်ကြိမ်ရခဲ့ပေမယ့် ဒီအခွင့်အရေးကို မန်စီးတီးဂိုးသမား အော်တီဂါ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက စပါးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



မန်စီးတီးအတွက်ကတော့ စပါးရဲ့ ကွင်းသစ်ကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲက ကြည့်လို့ကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး စပါးဘက်က ဆွန်ဟောင်မင်လည်း တစ်ဂိုးစီ သရေကျစေမယ့် အခွင့်အရေးတစ်ခုကို ရရှိခဲ့ပါသေးတယ်။

ဂိုးသမားနဲ့ တစ်ယောက်ချင်း အပိုင်တွေ့တဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ဒီဘောလုံးကို လူစားဝင်ဂိုးသမား အော်တီဂါက ကာကွယ်နိုင်ခဲ့တာပါ။ ဒီအခွင့်အရေးမှာ ဂွါဒီယိုလာတစ်ယောက် တော်တော်လေး စိတ်လှုပ်ရှားခဲ့ပုံရပြီး ကွင်းဘေးမှာ ခြေပစ်လက်ပစ်ကို လဲကျသွားခဲ့ပါတယ်။

အဲ့ဒီအခွင့်အရေးရတဲ့အချိန်က ပွဲကစားချိန် မိနစ် (၉၀) ကို နီးကပ်နေပြီဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေကတော့ ဆွန်ဟောင်မင် ရည်ရွယ်ချက်ရှိရှိနဲ့ ဂိုးမဝင်အောင် ကန်သွင်းခဲ့တယ်လို့ စွပ်စွဲနေကြပါတယ်။ အာဆင်နယ်ပရိသတ်တွေက “ဆွန်ဟောင်မင်က ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ ဂိုးမဝင်အောင် ကန်ခဲ့တာပါ”

“ငါဆိုရင် တီဗီကို ခြေထောက်နဲ့ ပြေးကန်လိုက်တာပါ။ ဆွန်ဟောင်မင်က ဂိုးသမားနဲ့တစ်ယောက်ချင်းတွေ့တဲ့ အခွင့်အရေးကို လွဲချော်ခဲ့တာပါ” လို့ အမျိုးမျိုး စွပ်စွဲပြောဆိုနေကြပါတယ်။ အခြားပရိသတ်တွေကတော့ လူစားဝင်ဂိုးသမား အော်တီဂါရဲ့ ကာကွယ်မှုကို ချီးကျူးနေကြပါတယ်။

Share

Loading Next Article...
က္က