ကြံ့ခိုင်မှုအနေအထားကို စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနဲ့ကစားရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ရော်နယ်ဒိုပါဝင်ကစားနိုင်ဖို့ဆိုတာက ၅၀-၅၀ အနေအထားမှာသာရှိတယ်လို့ ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်က ပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တယ်လို့သိရပြီး Gym မှာ ရှိနေခဲ့ကာ recovery ပြန်ဖြစ်ဖို့နဲ့ သီးခြားလေ့ကျင့်မှုတွေကိုသာ ပြုလုပ်ခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ 

ပေါ်တူဂီကတော့ နောက်တဆင့်ကို တက်ရောက်ထားပြီးဖြစ်လို့ တောင်ကိုရီးယားနဲ့ပွဲစဉ်က သိပ်အရေးမကြီးဘူးလို့ ဆိုင်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုက ကစားနိုင်မယ်ဆိုရင်တောင် အနားပေးထားလို့ရတဲ့ အနေအထားဖြစ်ပြီး သူပါဝင်တာ၊ မပါဝင်တာက ပေါ်တူဂီအတွက် ကြီးကြီးမားမားအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘဲ အုပ်စုပထမနေရာရမလား၊ ဒုတိယနေရာပဲရမလားဆိုတာ စောင့်ကြည့်ရမှာပါ။ 

"သူ ကစားမှာလား၊ မကစားဘူးလားဆိုတာကတော့ ၅၀-၅၀ ပါပဲ၊ ကြည့်ကြတာပေါ့၊ ဒီနေ့ လေ့ကျင့်ခန်း (ကြာသပတေးနေ့) မှာ သူ့အခြေအနေကို ကြည့်ရမှာပါ၊ ပုံစံကောင်းရတယ်ဆိုရင်တော့ သူ့ကိုတွေ့ရမှာပါ၊ မကစားနိုင်လောက်ဘူးဆိုရင်တော့ နောက်ထပ် အစီအစဉ်တခုလုပ်ရပါလိမ့်မယ်" လို့ ဆန်းတို့စ်က ပြောဆိုခဲ့ပါတယ်။ 

ပေါ်တူဂီအနေနဲ့ တောင်ကိုရီးယားနဲ့ပွဲကို အနည်းဆုံးသရေကစားနိုင်တာနဲ့ အုပ်စုဗိုလ်ဖြစ်မှာပါ။ ဒီလိုဆိုရင် တဖက်အုပ်စုမှာ ပထမရဖွယ်ရှိတဲ့ ဘရာဇီးလ်ကို ၁၆ သင်းအဆင့်မှာ မရင်ဆိုင်ရအောင် ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ တောင်ကိုရီးယားကတော့ ပေါ်တူဂီကို မဖြစ်မနေအနိုင်ကစားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင်တောင်မှ တဖက်က ဥရုဂွေးနဲ့ ဂါနာပွဲ ရလဒ်ကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

ရော်နယ်ဒိုကတော့ ပေါ်တူဂီအတွက် သွင်းဂိုး ၁ ဂိုးရရှိထားပြီး ဥရုဂွေးနဲ့ပွဲမှာ ဂိုးရဖို့နီးစပ်ခဲ့သေးပေမယ့် သူနဲ့ ဘောလုံးမထိခဲ့တာကြောင့် ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးအဖြစ်နဲ့သာ သတ်မှတ်ခံခဲ့ရပါတယ်။ တဂိုးထပ်ရမယ်ဆိုရင် ရော်နယ်ဒိုဟာ ပေါ်တူဂီဂန္ထဝင်တိုက်စစ်မှူးအူဆီဘီယိုရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစံချန်ကို လိုက်မီမှာဖြစ်ပါတယ်။ 


သူငယ်ချင်းတွေနဲ့ မိသားစုကိုလည်း စိန်ခေါ်ပြီး Celebrate World Cup 2022 Fearlessly with Clear Campaign ကို အတူပါဝင်ဆင်နွှဲလိုက်ပါ။ ကိုယ့်ကျွမ်းကျင်မှုပြသပြီးရင် သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို Tag တွဲကာ Hashtag #ClearMyanmar #ClearFearlessWorldCup2022 ကို အသုံးပြုပြီး Post ကို Public ဖြင့် မျှဝေလိုက်ပါ။ ဒီလင့်ခ်လေးကိုနှိပ်ပြီး ဝင်ကစားရုံပါပဲ။

Share

Loading Next Article...
က္က