အဆိုပါပင်နယ်တီလွဲချော်ခဲ့လို့ အီတလီတို့ အုပ်စုဒုတိယသာရခဲ့ပြီး ပလေးအော့ကစားခဲ့ရတာပါ။

မြောက်မက်ဆီဒိုးနီးယားကို Play-off ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပြီးနာက် အီတလီကွင်းလယ်လူဂျော်ဂျင်ဟိုက အုပ်စုတွင်းမှာ ဆွစ်ဇာလန်ဘက်ကို ပင်နယ်တီမဝင်ခဲ့မှုက သူ့တဘ၀လုံးခြောက်လှန့်နေတော့မယ်လို့ ယူကျုံးမရပြောဆိုလိုက်ပါတယ်။ အီတလီဟာ မြောက်မက်ဆီဒိုးနီးယားကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ်ရာအရေးနိမ့်ခဲ့ပြီး ကာတာကမ္ဘာ့ဖလားနဲ့ အလှမ်းဝေးသွားခဲ့ပြီဖြစ်ပါတယ်။ 

ဥရောပလက်ရှိချန်ပီယံအသင်းဟာ ပွဲချိန် ၉၂ မိနစ်မှာပေးခဲ့ရတဲ့ အနိုင်ဂိုးကြောင့် ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက်လွဲချော်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပွဲစဉ်ဟာ ၂၀၁၄ တုန်းက ကစားခဲ့တဲ့ အင်္ဂလန်နဲ့ပွဲစဉ်ဖြစ်လာခဲ့ပြီး အခုဆိုရင် ကမ္ဘာ့ဖလားပွဲမကစားရတာ ရက်ပေါင်း ၂ ထောင်ကျော်လာခဲ့ပြီဖြစ်သလို ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ကိုလည်း ၂၀၀၆ ခုနှစ်တုန်းက ပြင်သစ်နဲ့ ဗိုလ်လုပွဲအဖြစ်ကစားခဲ့ရပြီး ရက်အားဖြင့် ၅၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ဂျော်ဂျင်ဟိုက အုပ်စုတွင်းအဆင့် ဆွစ်ဇာလန်နဲ့ပွဲမှာ သူ့ရဲ့ပင်နယ်တီလွဲချော်ခဲ့မှုအတွက် နောင်တရစကားဆိုခဲ့ပြီး အီတလီကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်မှုအတွက် သူ့ကိုယ်သူအပြစ်တင်ခဲ့ပါတယ်။ အဆိုပါပွဲကတော့ နိုဝင်ဘာလအတွင်းက ကစားခဲ့တာတာဖြစ်ပြီး တဖက်တဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ 

"ကျနော်တို့ ကောင်​ေးကာင်းကစားနိုင်ခဲ့တယ်၊ ဥရောပဖလားကို ပြီးခဲ့တဲ့နွေရာသီမှာ ရခဲ့တယ်၊ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ နောက်ဆုံးပွဲတွေမှာ အမှားလုပ်မိခဲ့ပြီး အဲဒီဟာကို ပြန်မဖြေရှင်းနိုင်ခဲ့ဘူး၊ သူတို့က ကွဲပြားခြားနားတာတွေကို လုပ်သွားခဲ့ပါတယ်၊ ပင်နယ်တီလွဲခဲ့တာကို ကျနော်ပြန်တွေးမိပါတယ်၊ ဘာလု့လဲဆိုတော့ အဲဒါက ကျနော့်တဘ၀လုံးကို ခြောက်လှန်နေတော့မှာပါ" လို့ ဂျော်ဂျင်ဟိုက မျက်ရည်တွေနဲ့အတူ ပြောဆိုသွားခဲ့ပါတယ်။



အီတလီအနေနဲ့ ဆွစ်ဇာလန်နဲ့ပွဲမှာ ပင်နယ်တီသာ ဝင်ခဲ့မယ်ဆိုရင် ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့မှာဖြစ်ပေမယ့်လည်း သရေကျခဲ့တဲ့အတွက် ၂ မှတ်နစ်နာခဲ့တာ အုပ်စုဒုတိယနေရာရခဲ့ပြီး အခုလို Play-off ကစားခဲ့ရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က