အေစီမီလန်တို့ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ အင်တာမီလန်က အစောပိုင်း မိနစ် သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အင်တာမီလန်တို့ ဗိုလ်လုပွဲကို တက်ရောက်ဖို့ တော်‌တော်လေး အခြေအနေကောင်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။



မီလန်ဒါဘီပွဲလည်းဖြစ်တဲ့ ဒီပွဲရဲ့ အစောပိုင်းမိနစ်တွေမှာ အင်တာမီလန်တို့ ဂိုးတွေ ဆက်တိုက်ရခဲ့တာကြောင့်လည်း အေစီမီလန်တို့ အငိုက်မိခဲ့ရတာပါ။ ဒီပွဲမှာ အေစီမီလန်ရဲ့ အဓိကတိုက်စစ်ကြယ်ပွင့်ဖြစ်တဲ့ ရာဖေးလ်လီယာအို ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

အေစီမီလန်အတွက် ဂိုးသမား မိုင်ဂ်နန်၊ နောက်တန်းမှာ အသင်းခေါင်းဆောင် ကာလာဘရီရာ၊ ခါဂျာ၊ တိုမိုရီ၊ သီယိုဟာနန်ဒက်ဇ်၊ ကွင်းလယ်မှာ ခရူနစ်၊ တိုနယ်လီ၊ ဘရာဟင်မ်၊ ဘန်နက်ဆာ၊ ဆဲလ်လေမိတ်ကာစ်၊ ဂျရူးတို့ ပွဲထွက်ခဲ့ပါတယ်။

အင်တာမီလန်ဘက်မှာတော့ ဂိုးသမား အိုနာနာ၊ နောက်တန်းမှာ ဘာစတိုနီ၊ အဆာဘီ၊ ဒါမီယန်၊ ကွင်းလယ်မှာ ဒီမာကို၊ မီခီတာရန်၊ ချာဟာနိုဂလူး၊ ဘာရီလာ၊ ဒမ်းဖရိုင်းစ်နဲ့ တိုက်စစ်မှာတော့ ဂျက်ကိုနဲ့ ‌လော်တာရိုမာတီနက်ဇ်တို့ ပွဲထွက်ခဲ့ပါတယ်။ လူကာကူကတော့ အရန်ခုံမှာပဲ ရှိနေခဲ့ပြီး ဒုတိယပိုင်းမှ ဝင်ကစားခဲ့ပါတယ်။

အင်တာမီလန်အတွက် ဂိုးတွေကိုတော့ ပွဲကစားချိန် (၈) မိနစ်မှာ ဂျက်ကို၊ ပွဲကစားချိန် (၁၁) မိနစ်မှာ မီခီတာရန်တို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အေစီမီလန်တို့ ချေပဂိုးရဖို့ ပြန်လည်ကြိုးစားခဲ့သေးပေမယ့် အရာမထင်တော့ဘဲ ဒုတိယအကျော့ ဆီမီးဖိုင်နယ်မှာ ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က