ကာတာအတွက်တော့ မျက်နှာပန်းမလှစရာဖြစ်ခဲ့ရပါတယ်။

မနေ့က ကစားခဲ့တဲ့ ကာတာနဲ့ အီကွေဒေါပွဲစဉ်မှာတော့ အိမ်ရှင်ကာတာပရိသတ်တွေဟာ သူတို့အသင်းအရေးနိမ့်နေချိန်မှာ ကွင်းအတွင်းကထွက်ခွာခဲ့ကြလို့ နေရာလွတ်တွေအများကြီးရှိနေစေခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက အီကွေဒေါက အန်နာဗလန်စီယာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး အိမ်ရှင်ကာတာတို့ ဂိုးပေါက်တည့်အောင်တောင် ကန်နိုင်ခြင်းမရှိတဲ့နောက် ပရိသတ်တွေပါ ထပြန်ခဲ့တာဖြစ်ပါတယ်။ 

ဒီလိုထပြန်မှုနဲ့အတူ ပထမပိုင်းအပြီး ကွင်းအပြင်ထွက်ခဲ့တဲ့ပရိသတ်တွေထဲကလည်း ပြန်မဝင်လာတဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။ ဒါကြောင့် ဒုတိယပိုင်းမှာ ထိုင်ခုံနေရာလွတ်တွေ ထောင်နဲ့ချီတဲ့အထိ ရှိခဲ့ပြီး လူစည်ကားသိုက်မြိုက်စေချင်တဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေအတွက်တော့ စိတ်ပျက်စရာမြင်ကွင်းဖြစ်ခဲ့ရကာ ကာတာတို့ ရလဒ်လည်းရှုံး၊ မျက်နှာပန်းလည်းမလှဖြစ်ခဲ့ရပါတယ်။ 

ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ဖို့အတွက် အချိန်ယူတည်ဆောက်ထားခဲ့တဲ့ ကာတာဟာ အီကွေဒေါကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ပါဘူး။ တပွဲလုံးမှာ အီကွေဒေါက စိတ်ကြိုက်ထိန်းချုပ်ကစားခဲ့ပြီး သူတို့အသင်းဂိုးသမားကို ပရိသတ်တွေ မြင်တွေ့ရချိန်ကလည်း အနည်းငယ်သာရှိခဲ့လို့ လူမှုကွန်ရက်ပေါ်မှာ အဆိုပါအကြောင်းကလည်း ပြောချင်စရာကောင်းတဲ့​ ဖြစ်ရပ်အဖြစ်ရှိနေခဲ့ပါတယ်။ 


ဒီပွဲကို တက်ရောက်ကြည့်ရှုသူ ၆သောင်း ၇ ထောင်ကျော်ရှိတယ်လို့ ဒုတိယပိုင်းမှာ ကြေညာခဲ့ပေမယ့် အားကစားကွင်းအတွင်း ပရိသတ်တွေ သိသိသာသာကို နည်းနေခဲ့တာဖြစ်ပါတယ်။ အီကွေဒေါပရိသတ်တွေကတော့ အိမ်ရှင်အသင်းကို အနိုင်ရခဲ့တဲ့ သူတို့အသင်းကို ဂုဏ်ပြုဖို့ အတွက် ပွဲပြီးဆုံးတဲ့ အချိန်ထိ ဆက်လက်ရှိနေခဲ့ပါတယ်။ ဖီဖာကတော့ ပြိုင်ပွဲအတွက် လတ်မှတ်ပေါင်း ၃ သန်းနီးပါးခန့်ရောင်းချခဲ့ရတယ်လို့ ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က