မြောက်ဒဂုံမှာ လှူခဲ့တယ်လို့ သိရပါတယ်။

COVID-19 ကြောင့် စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ မိသားစုဝင်တွေအတွက် သရုပ်ဆောင် မြင့်မြတ် တို့မိသားစုက ဆန်အိတ်တွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

Photo: Myat Wai Tun



သရုပ်ဆောင်မြင့်မြတ်တို့ မိသားစုကတော့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ မိသားစုတွေအတွက် ဆန်အိတ်များ လှူဒါန်းခဲ့တယ်လို့ မြင့်မြတ်ရဲ့ မန်နေဂျာဖြစ်သူ ကိုမြတ်ဝေထွန်းက Duwun Media ကို ပြောပြလာပါတယ်။ 

"သရုပ်ဆောင်အကယ်ဒမီကိုမြင့်မြတ်+မခင်သူအောင် သားမောင်မြတ်သူ မိသားစု တို့က မြောက်ဒဂုံမြို့နယ်၊ ၃၁ ရပ်ကွက်မှာရှိတဲ့ စားဝတ်နေရေး ခက်ခဲမှုတွေရှိနေတဲ့ မိသားစုဝင်တွေအတွက် ဆန်အိတ်(၁၃၀)အိတ်လှူဒါန်းခဲ့ပါတယ်" လို့ သူကဆိုပါတယ်။ ဒါ့အပြင် ကိုမြင့်မြတ်ရဲ့ အလှူကို ကိုမြတ်ဝေထွန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးလိုက်တဲ့ အချိန်မှာလည်း သူ့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်များစွာတို့ကလည်း သာဓု ၃ ကြိမ်ခေါ်ဆိုခဲ့ကြပါသေးတယ်။

Photo: Myat Wai Tun

မြင့်မြတ်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အဆိုတော် ယုန်လေး ဦးဆောင်တဲ့ အလှူမှာလည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ငွေကျပ်(၁၀)သိန်းကျပ် လှူဒါန်းထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာလည်း COVID-19 ကူးစက်ရောဂါကြောင့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေ ကြုံနေရတာဖြစ်ပါတယ်။ ဒါကြောင့် အနုပညာရှင်များစွာတို့ကလည်း တတ်နိုင်တဲ့ ဘက်ကနေ အလှူအတန်းတွေလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။ 

Photo: Myat Wai Tun

သရုပ်ဆောင်မြင့်မြတ်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူပါ။ COVID-19 ကြောင့် ရိုက်ကူးရေးတွေ ခဏနားထားရင်း မိသားစုကို အချိန်ပေးနေတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ ဒုတိယမြောက် ရင်သွေးလေးကို ဇနီးဖြစ်သူ မခင်သူအောင်က ကိုယ်ဝန်လွယ်ထားရပြီလို့ မြင့်မြတ်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ "အမှောင်မှာ ရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က