စက်မှုလုပ်သားတွေနဲ့ အမေများအဖွဲ့အတွက် လှူခဲ့တာ တွေ့ရပါတယ်။

ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသိင်္ဂဟ အဖွဲ့သားတွေဟာ ရုပ်ရှင်စက်မှုလုပ်သားတွေနဲ့ အမေများ အဖွဲ့အတွက် ငွေကြေးနဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ 

သရုပ်ဆောင် ခန့်စည်သူဦးဆောင်တဲ့မေတ္တာသိင်္ဂဟ အဖွဲ့သားတွေ စုပေါင်းပြီး ရုပ်ရှင်စက်မှု လုပ်သား(၃၆၅) ယောက်အတွက် ငွေကျပ် သိန်း(၃၀) ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လိုအပ်တဲ့ ငွေကြေးတွေကိုလည်း အဖွဲ့သားတွေက ပါဝင်လှူဒါန်းထားတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



" ဒီအလှူမှာ အနုပညာရှင်တွေ စုပေါင်း လှူဒါန်းကြတဲ့ ငွေက (၇၆) သိန်း ၊ ကျွန်တော်က သိန်း(၃၀) မတည်တယ်၊ လိုတဲ့ ငွေပမာဏကို အဖွဲ့က လူတွေ စုပေါင်းပြီး ရုပ်ရှင် စက်မှုအလွှာ က (၃၆၅) ယောက်အတွက် တစ်ယောက်ကို ကျပ် ၅ သောင်းစီ လှူဖြစ်တယ်။ စက်မှုအလွှာ လုပ်သားတွေ အနေနဲ့လည်း အခုဆို အလုပ်တွေ မရှိကြတဲ့ အချိန်မှာ မိသားစု စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတာကိုလည်း ကျွန်တော် တွေ့တော့ ဒီအလှူလေး လုပ်ဖြစ်တာပါ။ပြီးတော့ ဟယ်လ်ပင် ကလေးဆေးရုံကိုလည်း (၁၀)သိန်း လှူဖြစ်တယ် " လို့ ခန့်စည်သူကပြောပါတယ်။ 

အဲဒီနောက် ခန့်စည်သူဟာ အမေများ အဖွဲ့ကိုလည်း ငွေကျပ် (၁၀) သိန်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အမေများအဖွဲ့အတွက် လိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီလို့လည်း သူက ဆက်လက် ပြောပြခဲ့ပါတယ်။ 

" အမေများအဖွဲ့ကကျတော့ မကြာခင်လည်း မိုးရာသီရောက်တော့မယ်ဆိုတော့ သူတို့နေတဲ့အိမ်က သွပ်တွေက အဆင်မပြေတော့ဘူး။ ပြင်ချင်တယ် သားရေ ဆိုလို့ ကျွန်တော် (၁၀) သိန်းလှူတာပါ" ဆိုပြီးတော့ ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်တဲ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စားနပ်ရိက္ခာအတွက် ပဲကြာဇံထုတ်တွေလည်း ဝေမျှခဲ့တာ တွေ့ရပါတယ်။ 

ခန့်စည်သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ 

ခန့်စည်သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ ၁၀ စုနှစ် ၂ စုကျော်ကို ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးခဲ့သူဆိုလည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က