ပီအက်စ်ဂျီကစားသမားဟောင်း ရိုသန်က ပြောဆိုလိုက်တာပါ။

ကိုဗစ်ကူးစက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး အကျိုးအကြောင်းရှင်းပြဖို့ ပျက်ကွက်ခဲ့တဲ့ မက်ဆီဟာ အသင်းနည်းပြပိုချက်တီနိုနဲ့ အသင်းအပေါ်မှာ လေးစားမှုကင်းမဲ့လွန်းတယ်လို့ ဝေဖန်ခံလိုက်ရပါတယ်။ ပိုချက်တီနိုအနေနဲ့ မက်ဆီရဲ့ ကိုဗစ်အခြေအနေနဲ့ ပတ်သက်ပြီး တိုက်ရိုက်သိရှိခဲ့ရခြင်းမရှိဘဲ third parties တွေကတဆင့်သာ သိခဲ့ရတယ်လို့ Mirror က ဖော်ပြလိုက်ပါတယ်။ 

သူ့ရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ပတ်သက်ပြီး နောက်ဆုံးဖြစ်ပျက်နေမှုတွေကို မက်ဆီက အသင်းနဲ့ အသင်းနည်းပြဆီ အစီရင်ခံပြောဆိုခဲ့ခြင်းမရှိခဲ့ဘူးလို့လည်းဆိုပါတယ်။ ဒီအမူအကျင့်နဲ့ပတ်သက်ပြီး ပီအက်စ်ဂျီရဲ့ နာမည်ကျော်ကစားသမားဟောင်းဂျရုန်းရိုသမ်က မက်ဆီကို ပြစ်တင်မှုတွေပြုလုပ်ခဲ့ကာ ဝေဖန်သွားခဲ့ပါတယ်။ 

"သူ့အနေနဲ့ နည်းပြအပေါ် အမြဲတမ်းလေးစားမှုရှိရပါမယ်၊ ဒါတွေကို ကျနော် Clairefontaine သင်တန်းကျောင်းမှာ သင်ကြားခဲ့ရတာပါ၊ နည်းပြက အားလုံးရဲ့အထက်မှာရှိနေတဲ့သူဖြစ်ပြီး ခင်ဗျားဟာခင်ဗျား ကြယ်ပွင့်ကစားသမားဖြစ်ဖြစ်၊ လူငယ်ကစားသမားဖြစ်ဖြစ် အချိန်တိုင်းမှာ နည်းပြကို ဦးထိပ်ထားရမှာဖြစ်ပါတယ်၊ ပိုချက်တီနိုက နောက်ဆုံးအခြေအနေတွေကို သူ မသိခဲ့ဘူး၊ မက်ဆီဘယ်မှာလဲဆိုတာကိုတောင် သူ မသိခဲ့ဘူး"

"ဒါက ကောင်းတဲ့အရာတော့မဟုတ်ဘူးဗျ၊ မက်ဆီဆီကနေ အခုလိုမျိုးတွေ မြင်တွေ့ရတော့ ကျနော် အရမ်းတုန်လှုပ်မိပါတယ်၊ မက်ဆီရဲ့ လေးစားခံရမှုမျိုး ပိုချက်တီနိုမရထားပါဘး၊ နည်းပြတဦးအနေနဲ့ သန်မာရပါမယ်၊ သူ့ရဲ့တန်ဖိုးအစစ်အမှန်ကို ပြသနိုင်ရပါမယ်၊ ကျနော့်အမြင်ဆိုရင် ပိုချက်တီနိုအပေါ် ဘတ်ပီတဦးတည်းကပဲ လေးလေးစားစားရှိပြီး တခြားကစားသမားတွေနဲ့ပတ်သက်ပြီး ကျနော်နားမလည်တော့ဘူး"

"ကိုယ့်နည်းပြကို မလေးစားရင်တော့ အောင်မြင်မှာမဟုတ်ပါဘူး၊ ဒီဘက်နှစ်တွေမှာ ဒီပြသနာတွေကြောင့် ပီအက်စ်ဂျီက အများကြီးအခက်တွေ့ခဲ့ရပါတယ်" လို့ ရိုသန်က ပြောဆိုခဲ့ပါတယ်။ မက်ဆီကတော့ လက်ရှိမှာ အာဂျင်တီးနားကနေ ပြင်သစ်ကို ရောက်ရှိနေပြီဖြစ်ကာ နောက်ထပ်ရက်အနည်းငယ်အနားယူရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှ အသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့ သိရပါတယ်။ 

Share

က္က