မော်ရင်ဟိုပြောခဲ့ဖူးတဲ့စကားကို ထောက်ခံပေးသွားခဲ့တာပါ။

ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ဟိုရဲ့ လက်ထောက်နည်းပြဟောင်း ရူအီဖာအီရာက အသင်းဟောင်းနဲ့ပတ်သက်လို့ တည်ငြိမ်မှုမရှိကြောင်း၊ တန်ဟက်ခ်လက်ထက်မှာလည်း ဒီအရာက ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။ ဖာအီရာဟာ မော်ရင်ဟိုနဲ့အတူတူ ယူနိုက်တက်ကို တာဝန်ယူခဲ့ဖူးသူပါ။



မော်ရင်ဟိုလက်ထက် ယူနိုက်တက်က ကာရာဘောင်၊ ကွန်မြူနတီဒိုင်းနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် (၂၀၁၆-၁၇) ဘောလုံးရာသီမှာ မော်ရင်ဟို ယူနိုက်တက်အတွက် ဆွတ်ခူးပေးခဲ့တဲ့ ယူရိုပါလိဂ်ဖလားနောက်ပိုင်း ယူနိုက်တက်က ဘာဆုဖလားမှ ဆွတ်ခူးနိုင်ခြင်းမရှိတော့ပါဘူး။ ဒါ့အပြင် အဲ့ဒီရာသီမှာ မော်ရင်ဟိုက ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်မှာ ဒုတိယရခဲ့တာက သူ့ရဲ့နည်းပြဘဝအတွက် အကြီးမားဆုံးအောင်မြင်မှုဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာလည်း ဖာအီရာက “ကျနော်တို့ ကာရင်တန်ကို ရောက်လာတဲ့အချိန်မှာ ယူနိုက်တက်က တည်ငြိမ်မှုရော၊ ကိုယ်ပိုင်ပုံစံရော ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါကို လက်ဖျောက်တီးလိုက်ရုံနဲ့ မပြောင်းလဲနိုင်ပါဘူး။ ပြန်လည်တည်ဆောက်ရမှာပါ။ အချိန်လည်း ယူရမယ်၊ အသင်းနိုင်ပွဲလည်း ရဖို့ လိုအပ်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားနိုင်ပွဲမရဘူးဆိုရင် လူတွေက လက်ခံမှာမဟုတ်ပါဘူး”

“အဲ့ဒါကြောင့်လည်း မော်ရင်ဟိုက (၂၀၁၆-၁၇) ဘောလုံးရာသီက သူ့အတွက် အကောင်းဆုံးရာသီတွေထဲကတခုလို့ ပြောခဲ့တာပါ။ သူပြောတာမှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်ရဲ့ နောက်ဆုံးဆုဖလားကို ကျနော်တို့ ရယူပေးခဲ့တာဖြစ်ပြီး ဖာဂူဆန်နောက်ပိုင်းမှာ အဲ့ဒီအချိန်ကသာ အကောင်းဆုံးဖြစ်ခဲ့တာပါ။ လက်ရှိအသင်းမှာ လိုအပ်နေတာက တည်ငြိမ်မှုပါ။ ဘယ်လိုပုံစံမျိုးလိုချင်သလဲဆိုတာကို အသင်းက ဆုံးဖြတ်ရပါမယ်”

“မန်စီးတီးက အခုဆိုရင် ဂွါဒီယိုလာလက်ထက် (၆) ရာသီမြောက်ဖြစ်လာပါပြီ။ သူ့ရဲ့ ဒဿနတွေကို အသင်းမှာ သွပ်သွင်းပေးနိုင်တဲ့တည်ငြိမ်မှု၊ သူလိုအပ်တဲ့ကစားသမားကို ခေါ်ယူနိုင်ဖို့နဲ့ အောင်မြင်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်မှု အစရှိတာတွေနဲ့ ပြည့်စုံနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ခ်ကို ပြီးခဲ့တဲ့နွေကမှ ခန့်အပ်ခဲ့တာဖြစ်ပြီး တန်ဟက်ခ်အတွက် လုံလောက်တဲ့အချိန်ပေးသွားမယ်လို့လည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က