ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့တာပါ။

ပရိသတ် အချစ်တော် စာရေးဆရာ၊ ကဗျာဆရာ ၊ ဟာသတွေ နဲ့ အားလုံးကို ရယ်မောပျော်ရွှင်စေခဲ့သူ စာရေးဆရာ "အကြည်တော် (ခ) စောကြည်ဖြူ" ဟာ နိုဝင်ဘာလ ၉ ရက် ည ၈ နာရီ ၂၃ မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း စာရေးဆရာအကြည်တော်ရဲ့ဆွေမျိုးအသိုင်းအဝိုင်းက ဆိုရှယ်မီဒီယာထက်မှာရေးသားဖော်ပြထားကြပါတယ်။ 

Photo-A Kyi Taw FB

စာရေးဆရာအကြည်တော်ရဲ့ တူမတော်စပ်သူတစ်ဦးက" 8:30 ဦးကို ညင်ညင်သာသာထွက်ခွာသွားပါပြီ"ဆိုပြီး သူမရဲ့ဖေ့ဘွတ်စာမျက်နှာထက်မှာရေးသားထားပါတယ်။  စာရေးဆရာအကြည်တော်ဟာ ကိုဗစ်လည်းနှစ်ကြိမ်ဖြစ်ဖူးသူ ဖြစ်ကာ အသံတဖြည်းဖြည်းပျောက်သွားတဲ့အတွက် စစ်ဆေးကြည့်ရာ လည်ချောင်းနှင့် လည်ပြွန်ကြားတွင် ကင်ဆာဖြစ်နေသည်ဟု အဖြေထွက်တဲ့အတွက် ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသမှု ခံယူနေခဲ့ရပါတယ်။ အောက်တိုဘာလ ဒုတိယပတ်အတွင်းကလည်း ရုတ်တရက် အသက်ရှူမဝဖြစ်ကာနှလုံးခုန် ရပ်သွားခဲ့တဲ့အတွက် ဆေးရုံတင် ကုသခဲ့ရတယ်လို့လည်း သိရပါတယ်။

စာရေးဆရာအကြည်တော်ဟာ ကွယ်လွန်ချိန်မှာ အသက်၅၁နှစ်ရှိပြီဖြစ်ပြီး တေးရေးတေးဆို ဓိရာမိုရ်ရဲ့ အစ်ကိုလည်းဖြစ်ပါတယ်။

အကြည်တော်၏ နာမည်ရင်းမှာ စောကြည်ဖြူဖြစ်ပြီး အဖ ဦးထွန်းနိုင် ဒေါ်ယုနွယ်တို့၏ မွေးချင်း (၇) ယောက်အနက် ခြောက်ယောက်မြောက်သား ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့်လုံချင်းဝတ္ထုများ စတင်ရေးသားခဲ့ပါတယ်။ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ကဝေပျို၏ နိဒါန်း၊ ခြူဆီ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ ဇော်က ကနေသည်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်ရေ ပျော်ရဲ့လား (ပြုံးရွှင်သည် ငိုတတ်သည်)၊ ဘီလူး၊ စောကြည်ဖြူနှင့် မြင့်စန်းရီ (မောင်စောကြည်ဖြူနှင့် မမြင့်စန်းရီ)၊ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ ရွှေမိုးသည်း၊ အိပ်မက် အပိုဒ်ခွဲ (၉)စသော ဝတ္ထုများစွာကို ရုပ်ရှင်ကားကြီးများအဖြစ် ပြန်လည် ရိုက်ထားရပ့တယ်။ စာရေးဆရာအကြည်တော်က ဝတ္ထုပေါင်း ၈၀ ကျော်ကို ရေးသားခဲ့သူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က