စက်တင်ဘာ ၂၄ ရက် မိတ်ဆက်သွားမှာပါ

WaterFall display နည်းပညာသစ်နဲ့ပွဲထွက်လာမယ့် Xiaomi ဖုန်းသစ်ဟာ တကယ့်ကို မှန်ပြင်ပြည့်ဖုန်းဖြစ်ဖို့ရှိပါတယ်။


Xiaomi Mi Mix Alpha ဟာ အရင်ထွက်ခဲ့တဲ့ Mi Mix 2 ၊ Mi Mix 3 တို့ရဲ့ အဆက်ဖြစ်ပြီး Mix lineup ထဲမှာမှ ဆန်းသစ်တီထွင်မှုအသစ်တွေ လုပ်ဖို့ထုတ်လိုက်တဲ့ ဖုန်းမော်ဒယ်သစ်ပါ။ ဒါကြောင့်ပဲ ဖုန်းနာမည်ကို Mi Mix Alpha လို့နာမည်ပေးသွားမှာ ဖြစ်ပြီး ဖုန်း display ဟာ Vivo NEX 3 လိုမျိုး waterfall screen စတိုင် ဘေးဘောင်ကို အလွန်အမင်း curved လုပ်သွားဖို့ရှိပါတယ်။

Photo: Android Authority

ဖုန်းကြော်ငြာမှာတော့ Mi Mix Alpha ဟာ Xiaomi ဖုန်းတွေထဲမှာ Screen-To-Body ratio အမြင့်ဆုံးဖုန်း ဖြစ်မယ်လို့ဆိုပါတယ်။ Waterfall display သုံးတဲ့ ဖုန်းမော်ဒယ်အနေနဲ့Vivo NEX 3 နဲ့Huawei Mate 30 Pro တို့ကို မြင်ခဲ့ရပြီး ဒီဖုန်းတွေရဲ့ ဘေးဘောင်ကွေးညွှတ်မှုဟာ အံ့အားသင့်စရာကောင်းအောင် မြင့်ပါတယ်။

Huawei Mate 30 pro မှာဆို ဘေးဘောင် မှန်သားဖြစ်တာကြောင့် ဘယ်ဘက်ဘောင်မှာ ပါနေကျ volume up/down ခလုတ်အစား ဖုန်းဘေးကိုယ်ထည်ကို ဖိပွတ်ပြီး အသံတိုးလျှော့လုပ်ရတဲ့ စနစ်ပြောင်းသုံးသွားပါတယ်။ Xiaomi Mi Mix Alpha မှာရော အလားတူ နည်းပညာတွေ ပါလာမလား စောင့်ကြည့်ရမှာပါ။

Photo: chinamobilemag

Xiaomi အနေနဲ့လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့မှာ Mi 9 Pro 5G မော်ဒယ်နဲ့အတူ Mi Mix Alpha ကိုပါ ကြေညာသွားမှာ ဖြစ်ပါတယ်။ ဆန်းသစ်လာတဲ့ စမတ်ဖုန်းနည်းပညာ ပြိုင်ဆိုင်မှုမြင့်တဲ့ ခေတ်ကြီးမှာ Xiaomi ရဲ့ ထုတ်ကုန်သစ်ဟာ ဘာတွေ ထူးခြားသွားမလဲဆိုတာ ဒီပွဲမှာ မြင်ရတော့မှာပါ။

Share

Loading Next Article...
က္က