နှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားဖို့ရှိပါတယ်။

Microsoft ဟာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ထူးဆန်းတဲ့ အိတ်ဆောင်တက်ဘလက်တစ်မျိုးကို တီထွင်ကြံဆနေခဲ့တာပါ။ အခုဆို ဒီတက်ဘလက်နဲ့အနီးစပ်ဆုံး 3D render မော်ဒယ်ပုံတွေကိုပါ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။


photo: MacRumors

 

Microsoft ရဲ့ dual screen ပါ ခေါက်သိမ်းနိုင် တက်ဘလက်ဟာ Surface တက်ဘလက်စီးရီး ဖြစ်ပြီး ကုဒ်နာမည်ကတော့ Andromeda လို့သတင်းထွက်ထားတာပါ။ Windows 10 စနစ်သုံး ဒီထုတ်ကုန်အတွက် လိုအပ်တဲ့ Hardware အစိတ်အပိုင်းနဲ့ဆော့ဖ်ဝဲလ်ပိုင်းအကုန်လုံးကို Microsoft ကုမ္ပဏီအတွင်းမှာပဲ အပြီးအစီး တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

Microsoft ရဲ့ ခေါက်သိမ်းနိုင် Surface တက်ဘလက်ဟာ display တစ်ခုတည်းကနေ နှစ်ခေါက်ခေါက်ပြီး အိတ်ကပ်ထဲ ထည့်သယ်သွားနိုင်မယ့် ခေါက်သိမ်းနိုင် OLED display နည်းပညာကို သုံးသွားမှာပါ။ screen နှစ်ခုအကြားမှာတော့ ပတ္တာတစ်ခု ထည့်သွင်းထားပြီး screen အတွင်းအပြင် နှစ်ဘက်လုံးကို ကြိုက်သလို ခေါက်သိမ်းနိုင်မယ်လို့ဆိုပါတယ်။

ဒီတက်ဘလက်မှာ Stylus တစ်ခု ပါရှိပြီး Galaxy Note စီးရီးများမှာ ပါတဲ့ S Pen တစ်ချောင်းလို လုပ်ဆောင်ချက်အစုံ သုံးနိုင်မှာပါ။ Microsoft ကုမ္ပဏီတွင်း အထောက်အထားတွေအရ ဒီအိတ်အောင် Surface တက်ဘလက်ဟာ hardware နဲ့ ဆော့ဖ်ဝဲလ်အတွေ့အကြုံ အသစ်တွေ ပါဝင်တဲ့ ဘက်စုံသုံး ထုတ်ကုန်တစ်ခု ဖြစ်တယလို့ဆိုပါတယ်။

photo: Cnet

 

Microsoft ဟာ ပြီးခဲ့တဲ့ ၆ နှစ်လောက်ကတည်းက တက်ဘလက်လိုရော လက်ပ်တော့တစ်လုံးလိုပါ အသုံးပြုလို့ရနိုင်မယ့် Surface RT နဲ့Surface Pro တို့ကို မိတ်ဆက်ခဲ့တာပါ။ Andromeda ကုဒ်နာမည်နဲ့Surface တက်ဘလက်သစ်ကို မိတ်ဆက်မယ့်ရက် မသိရသေးပေမယ့် ဒီနှစ်ကုန်ပိုင်းမှာ ဖြန့်ချိသွားဖို့စီစဉ်နေတယ်ဆိုပြီး သတင်းထွက်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က