Triple lens စနစ်နဲ့ လာတဲ့ OnePlus ဖုန်း

မြန်မာငွေ ၁၁ သိန်းဝန်းကျင်ဈေးက စတင်သွားမယ့် OnePlus ရဲ့ Flagship ဖုန်းသစ်ကို တရုတ်မှာ မိတ်ဆက်သွားပါတယ်။ 



OnePlus Ace Pro ကို ဩဂုတ်လ ၃ ရက်နေ့က မိတ်ဆက်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် ကြန့်ကြာမှုတွေကြောင့် ဩဂုတ်လ ၉ ရက်နေ့ကမှ တရားဝင်မိတ်ဆက်ဖြစ်တာပါ။ OnePlus Ace Pro ဟာ OnePlus 10T ကို တံဆိပ်ပြောင်းထားတဲ့ Rebranded Version ဖြစ်ပြီး တရုတ်ဈေးကွက်အတွက် နာမည်တစ်မျိုးနဲ့ မိတ်ဆက်လိုက်တာလို့ ဆိုရမှာပါ။ အချက်အလက်နဲ့ ဒီဇိုင်းတွေအရ OnePlus Ace Pro ဟာ OnePlus 10T နဲ့ တစ်ပုံစံတည်းဖြစ်ပြီး ဈေးနှုန်းနဲ့ RAM ပိုင်းမှာ အပြောင်းအလဲ ရှိပါတယ်။ 


OnePlus 10 Pro ရဲ့ ဒီဇိုင်းကို ပြန်ယူသုံးလာတဲ့ OnePlus Ace Pro ဟာ မှန်ပြင်အလယ်ပေါက် Punch-Hole ကင်မရာပေါက် ဒီဇိုင်း 10 bit AMOLED Display နဲ့ လာပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၇ လက်မဟာ FHD+ (2412 x 1080p) ရုပ်ထွက် ပါရှိပြီး 120Hz Refresh Rate သုံးထားပါတယ်။ 20.1:9 အချိုး panel ဟာ sRGB/DCI-P3 color လှိုင်းနှုန်းစဉ် ၊ HDR10+ နဲ့ 720Hz touch sampling rate အထိ ပံ့ပိုးထားပါတယ်။ 

ပလတ်စတစ်ဖရိန်နဲ့ မှန်ဘော်ဒီသုံးထားပြီး ရှေ့နောက်မှန်တွေကို အကြမ်းခံ Gorilla Glass 5 မှန်နဲ့ ကာကွယ်ထားပါတယ်။ Flagship ဖုန်းဖြစ်တဲ့အတိုင်း Qualcomm Snapdragon 8 Plus Gen 1 Chipset သုံးထားပြီး LPDDR5 RAM ၊ UFS 3.1 Storage နဲ့ VC Liquid Cooing စနစ်တို့ တပ်ဆင်ထားပါတယ်။ punch-hole ကင်မရာပေါက်ထဲမှာ 16MP Selfie ကင်မရာ ပါရှိပြီး ကျောဘက် အလျားလိုက်ဧရာမကင်မရာ Bump ကြီးထဲမှာ OIS ရုပ်ငြိမ်စနစ်ပါ 50MP Sony IMX765 Sensor ၊ 8MP Ultra-Wide Lens နဲ့ 2MP Macro Lens တို့ ထည့်သွင်းထားပါတယ်။ 

ဘက်ထရီပါဝါကိုလည်း OnePlus 10 T အတိုင်း 4800mAh သုံးထားပြီး 150W Fast Charging စနစ် အထောက်အပံ့ပေးထားပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ dual-SIM ၊ WiFi 6 ၊ Bluetooth 5.2 ၊ GNSS ၊ NFC နဲ့ USB Type-C port တို့ ပါရှိသလို မှန်ပြင်အောက်လက်ဗွေလုံခြုံရေး Sensor နဲ့ နှစ်လုံးတပ် စတီရီယိုစပီကာတို့လည်း ထည့်သွင်းလာပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 12 အခြေခံ ColorOS 12.1 တင်ပေးထားပါတယ်။ 


OnePlus Ace Pro ကို အနက် နဲ့ အစိမ်း နှစ်ရောင်နဲ့ ဝယ်ယူနိုင်ပြီး 12/256GB ဗားရှင်းကို ယွမ် ၃၅၀၀ (မြန်မာငွေ ၁၁ သိန်းနီးပါး) ၊ 16/256GB ဗားရှင်းကို ယွမ် ၃၈၀၀ (မြန်မာငွေ ၁၂ သိန်းခန့်) နဲ့ အမြင့်ဆုံး 16/512GB မော်ဒယ်ကို ယွမ် ၄၃၀၀ (မြန်မာငွေ ၁၃ သိန်းခွဲခန့်) ဈေးတွေ သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က