လက်ရှိမှာ Home Quarantine ဆက်လက်ခံယူနေပါတယ်။

ခရစ်ယာန်တရားဟော ဆရာ စောဒေးဗစ်လားကို COVID 19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ နိုင်ငံတော်က တားမြစ်ထားတဲ့စည်းကမ်းချက်ကို ဖောက်ဖျက်ပြီး လူစုလူဝေးနဲ့ ဘာသာရေးပွဲတစ်ခုကို ကျင်းပခဲ့တာကြောင့် မရမ်းကုန်းမြို့နယ်မှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။ 

သူကိုယ်တိုင်လည်း ဘာသာရေးပွဲအပြီးမှာ COVID 19 ရောဂါအတည်ပြုလူနာဖြစ်လာခဲ့ပြီး ပွဲကိုတက်ရောက်ခဲ့သူတွေအပါအဝင် ဆင့်ပွားကူးစက်မှုတွေက အယောက်(၇၀)ကျော်လောက်ထိရှိခဲ့ပါတယ်။ လက်ရှိမှာတော့ စောဒေးဗစ်လားက ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ဆေးရုံကဆင်းခွင့်ရထားပြီး နေအိမ်မှာပဲ Home Quarantine ဆက်လက်ခံယူနေပါတယ်။



“ ဒီအချိန်က ကျန်းမာရေးကောင်းပြီး ဆေးရုံကဆင်းခွင့်ရပေမယ့် Home Quarantineထားတဲ့အချိန်ပါ။ Home Quarantine ထားတဲ့အချိန်ကိုလည်း လူနာအဖြစ်သတ်မှတ်ထားရမယ့်အခြေအနေပါ။ နောက်ပိုင်း သူ့ရဲ့ ကျန်းမာရေးပေါ်မူတည်ပြီး အမှုကိစ္စကိုတော့ သက်ဆိုင်ရာဌာနတွေရဲ့ တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က Duwun ကိုပြောပါတယ်။ 

တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်တီက ညွှန်ကြားချက်လိုက်နာရန်ပျက်ကွက်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဦးစောဒေးဗစ်လား အပါအဝင် သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ နှစ်ဦးကိုလည်း အလားတူပုဒ်မျိုးနဲ့ပဲ အမှုဖွင့်ထားတာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က