စပါးနည်းပြအဖြစ် ပွဲဦးထွက်ပွဲစဉ်မှာ များပြားတဲ့သွင်းဂိုးပမာဏနဲ့ အနိုင်ရခဲ့တာပါ။

ယနေ့ည ၇ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက ဧည့်သည်တော့တင်ဟမ်ဟော့စပါးအသင်းက ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပြီး အိမ်ရှင်ဝက်စ်ဟမ်းအသင်းက တန်ပြန်တိုက်စစ်ကနေတဆင့် ဂိုးသွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အဖွင့်ဂိုး သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပြီး အဆုံးသတ်ပိုင်း မသေချာခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ ၃၆ မိနစ်မှာ ဆွန်ဟောင်မင်က ဒယ်လီအလီရဲ့ပေးပို့မှုကနေတဆင့် ပင်နယ်တီဧရိယာထဲမှာ နောက်ခံကစားသမားတွေ ကာကွယ်ထားတဲ့ကြားကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

အဖွင့်ဂိုး ခွင့်ပြုပေးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ ချေပဂိုး ပြန်လည်သွင်းယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် ကစားကွက် တည်မရခဲ့ဘဲ ၄၃ မိနစ်မှာ ဘယ်တောင်ပံကနေ ဆွန်ဟောင်မင်ရဲ့ ဖြတ်တင်ပေးပို့မှုကို လူးကပ်စ်မိုရာက ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာကြောင့် ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း တော့တင်ဟမ်ဟော့စပါးအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ခဲ့ပြီး ၄၉ မိနစ်မှာ အော်ရီရာရဲ့ ဖြတ်တင်ပေးပို့မှုကို ဟယ်ရီကိန်းက ခေါင်းတိုက်သွင်းယူပြီး တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက်မှာ ကစားအားကို လျှော့ချသွားခဲ့ပြီး အိမ်ရှင်ဝက်စ်ဟမ်းအသင်းက တရကြမ်းတိုက်စစ်မြှင့်တင်လာခဲ့ပါတယ်။ ၇၃ မိနစ်မှာ မာ့ခ်နိုုဗယ်ရဲ့ ပေးပို့ကနေ အန်တိုနီယိုက ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း ပြီးဆုံးခါနီးအထိ အိမ်ရှင်ဝက်စ်ဟမ်းအသင်းက နောက်ထပ်ချေပဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး ၉၆ မိနစ်မှာ စနော့ဂရက်စ်ရဲ့ ပေးပို့မှုကနေတဆင့် အော့ဂ်ဘွန်နာက ဝက်စ်ဟမ်းအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ၃-၂ နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

Share

က္က