ဒီအချက်တွေက စိတ်ဓာတ်ကျနေတယ်ဆိုတာ ပြသနေတာပါ၊

ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျနေတယ်လို့ ခံစားနေရပြီလား။ စိတ်ဓာတ်ကျနေတာဟုတ်မဟုတ် သိချင်တယ်ဆိုရင်တော့ ခုပြောပြမယ့်အချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ ချိန်ဆကြည့်ပါ။ တစ်ခါတရံမှာ လူတွေက ဝမ်းနည်းရင် စိတ်ဓာတ်ကျတယ်လို့ ထင်မှတ်မှားတတ်ကျပါတယ်။ ဝမ်းနည်းခြင်းနဲ့ စိတ်ဓါတ်ကျခြင်းဆိုတာ  အမှန်တကယ်တော့မတူညီပါဘူး။ ဒါပေမယ့် ဝမ်းနည်းနေတာတွေကို မြိုသိပ်ထားရတာအချိန်တွေ ကြာမြင့်လာရင်တော့ စိတ်ဓါတ်ကျခြင်း အခြေအနေကို ရောက်လာတတ်တယ်ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး  


 စိတ်ဓာတ်ကျခြင်းရဲ့ လမ်းအစ

 

ဘာအကြောင်းရယ်လို့ တိတိပပမရှိဘဲ အလိုလိုနေရင်း မပျော်ရွှင်တော့တာ  ၊  အလိုလိုနေရင်း ဝမ်းနည်းနေရတာတွေဟာ စိတ်ဓာတ်ကျခြင်းရဲ့ လမ်းစပါပဲ။ အကြောင်းအရင်းရေရေရာရာမရှိဘဲ ဝမ်းနည်းနေပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် သတိထားဖို့ လိုအပ်နေပါပြီ။   



ဘယ်လိုအကြောင်းအရာတွေက စိတ်ဓာတ်ကျစေတာလဲ 


ဒီလိုကာလမျိုးမှာ စိတ်ဓာတ်ကျစေတဲ့ အကြောင်းအရာတွေ အများကြီးရှိနေပါတယ်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ စီးပွားရေး အဆင်မပြေမှုတွေ၊ လုပ်ငန်းခွင်ဖိစီးမှုတွေ၊ ကျန်းမာရေးပြဿနာတွေနဲ့ အခြား အကြောင်းအမျိုးမျိုးကြောင့်လည်း စိတ်ဓာတ်ကျတတ်ပါတယ်။


စိတ်ဓာတ်ကျလာပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြတတ်လဲ


လူတစ်ယောက်က စိတ်ဓါတ်ကျလာပြီဆိုရင် ကိုယ်လုပ်နေကျ နေ့စဉ်အလုပ်တွေမှာ

  • ပျော်ရွှင်မှုမရှိတာတွေ၊ 
  • ဝမ်းနည်းတာတွေ 
  • အိပ်စက်ရခက်ခဲလာတာမျိုးတွေ
  • အစာစားချင်စိတ် နည်းပါးလာတာမျိုးတွေ
  • ပတ်ဝန်းကျင်ကို ရှောင်ကျဉ်လာတာမျိုးတွေ 
  • ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်မှုနည်းလာတာမျိုးတွေ 
  • ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုလျော့လာတာမျိုးတွေ 
  • မျှော်လင့်ချက်တွေမဲ့လာသလို ခံစားချက်တွေလည်း ခံစားလာရနိုင်ပါတယ် ။





လူတိုင်းမှာအခက်အခဲတွေရှိနေနိင်ပါတယ် 


ပြောရမယ်ဆိုရင်တော့ လူတိုင်းမှာတော့  နေ့စဉ်အခက်အခဲတွေ ရှိတတ်ကြတာပါပဲ။ ပြဿနာရဲ့ သက်ရောက်မှုချင်းသာကွာချင်ကွာသွားမယ်၊ ပြဿနာကို ဖြေရှင်းပုံတွေကတော့ ကွာချင်ကွာသွားနိုင်ပါတယ်။ ကိုယ်ငယ်စဉ်က ကြီးပြင်းခဲ့တဲ့ မိသားစုတွေ၊ ပတ်ဝန်းကျင်တွေ၊ စိတ်ခံစားချက်တွေနဲ့ ဒီလူ့အသိုင်းအဝိုင်းတွေက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ပိုပြီးတော့လည်းကောင်းသွားစေနိုင်သလို ပိုပြီးတော့လည်းဆိုးသွားစေနိုင်တဲ့အချက်ဆိုတာလည်း မမှားနိုင်ပါဘူး။ 

ဒါ့ကြောင့်မို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေ၊ စိတ်ဖိစီးမှုတွေ အပေါ် သတိလေးကပ်ထားပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ကောင်းမွန်အောင်တည်ဆောက်ဖို့လိုအပ်ပါတယ်။

အပေါ်က အချက်တွေအားလုံး ဒါမှမဟုတ် လေးခု ထက်ပိုတာမျိုးတွေ ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျနေတာဖြစ်နေပြီဆိုတာကို သတိချပ်စေချင်ပါတယ်။

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာကျော်မင်းဦးရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။




 


Share

Loading Next Article...
က္က