အန္တရာယ်ရှိတဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက ဒါတွေကြုံတွေ့နိုင်ပါတယ်။

စိတ်ချလုံခြုံမှုမရှိတဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ နောက်ဆက်တွဲ မလိုအပ်တဲ့ ဆိုးကျိုးတွေ အများကြီး ကြုံရလာနိုင်ပါတယ်။ စိတ်ချလုံခြုံမှုမရှိတဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတယ်ဆိုတာ ကွန်ဒုံး ဒါမှမဟုတ် ကွန်ဒုံးနဲ့ ခေတ်မီသားဆက်ခြား နည်းလမ်းတစ်ခုခု အသုံးမပြုထားခြင်း၊ မုဒိန်းကျင့်ခံရခြင်းတွေပါ။ သန္ဓေတားနည်းသုံးရင်တောင်မှ အကာအကွယ်မဲ့ လိင်ဆက်ဆံတာပါပဲ။ 



မလိုချင်တဲ့ ကိုယ်ဝန်ရသွားနိုင်ခြင်း 

ပထမဆုံး စိတ်ချလုံခြုံမှုမရှိတဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းရဲ့ ပထမဆုံး ဆိုးကျိုးကတော့ လိုလားမှုမရှိတဲ့ ကိုယ်ဝန်ရသွားနိုင်တာပဲဖြစ်ပါတယ်။ 



ရောဂါပိုးများစွာကူးစက်နိုင်ခြင်း 

ဘယ်လိုမျိုး ပိုးတွေ ကူးစက်နိုင်သလဲဆိုရင် ကာလသားရောဂါ၊ ကပ်ပါးပိုးရောဂါ၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ Chancroid ရောဂါ (ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ STD ) ၊ Chlamydia ဆိုတာကတော့ လိင်ဆက်ဆံရာက တစ်ဆင့်ကူးစက်နိုင်တဲ့ ဘက်တီးရီးယားရောဂါပိုးဖြစ်ပါတယ်။ တခြားရောဂါတွေကတော့ ဂနိုရောဂါ ၊ ကူးစက်ပိုးတွေ ၊ အသည်းရောင်ရောဂါ နဲ့ အေအိုင်ဒီအက်စ် ၊ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါ စတာတွေ ကူးစက်နိုင်ပါတယ်။ တချို့ ရောဂါပိုးတွေဖြစ်တဲ့ အရေပြားဝဲရောဂါ၊ လိင်အင်္ဂါကြွက်နို့ နဲ့ ရေယုန်တွေကလည်း အရေပြားအချင်းချင်း ထိရုံနဲ့ ကူးစက်နိုင်ပါတယ်။

ကင်ဆာရောဂါတွေလည်း ဖြစ်ပွားနိုင်ခြင်း 

စိတ်ချလုံခြုံမှုမရှိတဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက ကင်ဆာရောဂါတွေလည်း ဖြစ်ပေါ် ခံစားနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် သားအိမ်ခေါင်းကင်ဆာ ဖြစ်စေသလို အမျိုးသားတွေအတွက်ဆိုရင်လည်း လိင်တံကင်ဆာလိုရောဂါတွေ ခံစားရနိုင်ပါတယ်။ 



ကြိုတင်ကာကွယ်ထားလို့ရနိုင်မယ့် နည်းလမ်းများ 

အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို အသက်ငယ်တဲ့ အချိန်၊ လိင်မဆက်ဆံရသေးတဲ့အချိန် တွေမှာ ထိုးထားဖို့လိုအပ်ပါတယ်။ အသည်းရောင်ဘီပိုးကိုလည်း ရောဂါမရှိချိန် ကာကွယ်ဆေး ထိုးထားခြင်း ၊ HIV အတွက် Prep ဆေးသောက်ထားခြင်းက လိင်မှတဆင့်ကူးစက်တဲ့ ရောဂါများထဲမှ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါပိုးတွေနဲ့ နည်းလမ်းတွေပါ။ ဓာတ်မတည့်တာ ၊ ဆေးနဲ့ မတည့်တာတွေ ဖြစ်တတ်လို့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သုံးပါ။  



Sex Toy များအသုံးပြုခြင်းကလည်း ရောဂါဖြစ်နိုင်ခြင်း 

ယုတ်စွအဆုံး sex toy တွေနဲ့ လိင်ဖျော်ဖြေမှု လုပ်တဲ့ အခါမှာတောင်မှ sex toy တွေကို သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ် ပြုလုပ်ပြီးမှသာ ကွန်ဒုံးစွပ်ပြီးမှ သုံးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရုပ်ကလေးတွေမှာ ကပ်ညိနေတဲ့ ဗိုင်းရပ်စ် ပိုးမွှားလေးတွေ၊ ဘက်တီးရီးယားပိုးတွေကလည်း ဝင်ရောက်ပြီးတော့ ကူးစက်နိုင်တာဖြစ်ပါတယ်။  

လိင်ဆက်ဆံတဲ့အခါမှာ မိန်းမဖြစ်ဖြစ် ယောကျာ်းဖြစ်ဖြစ် ကွန်ဒုံးသုံးတာ အကောင်းဆုံးပါပဲ။ လိင်မှုဆိုင်ရာ ကိစ္စတွေမှာ ဘေးကင်းလုံခြုံအောင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာငြိမ်းမိုးသော် ရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က