ရင်ဖွင့်ပြောဆိုသူရဲ့ ပေါက်ကြားလို့မဖြစ်တဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံထိန်းသိမ်းပေးနိုင်ရပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အကူအညီလိုနေသူတွေလို့ ကြားလိုက်ရတာနဲ့ လူအများစုက သွက်သွက်ခါအောင်ရူးနေသူတွေ၊ စိတ်ဝေဒနာခံစားနေရာသူတွေ၊ စဉ်းစားတွေးခေါ်ဉာဏ်ကင်းလွတ်ပြီး ဆေးဝါးကုသဖို့လိုအပ်နေသူတွေကို ပြေးမြင်တတ်ကြပါတယ်။



တကယ်တော့ စိတ်ကျန်းမာရေးဆိုတာ လူသားတွေအတွက် အရေးကြီးတဲ့အရာအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘဝရပ်တည်မှုနဲ့ဆက်နွယ်နေပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးကို ပေါ့ပေါ့တန်တန်မစဉ်းစားဘဲ အလေးထားဖို့လိုပါတယ်။

စိတ်ကျန်းမာရေးဆိုတာ ဘာလဲ

Photo: NUS

ဗြိတိန်နာမည်ကျော် ဝက်ဘ်ဆိုက်တစ်ခုရဲ့ဖော်ပြချက်အရဆိုရင် တစ်နှစ်မှာ လူလေးယောက်မှာ တစ်ယောက်က စိတ်ကျန်းမာရေးအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကတော့ စိတ်ကစဉ့်ကလျားပြဿနာ၊ စိတ်အတက်အကျများတဲ့ အစွန်းရောက်စိတ်ဝေဒနာ၊ စိုးရိမ်ပူပန်လွန်ကဲစိတ်ပြဿနာ၊ စိတ်ကျစိတ်ဝေဒနာတွေပါ။ ဒါတွေက လူ့အဖွဲ့အစည်းမှာ အတွေ့များတဲ့ စိတ်ဝေဒနာတွေပဲဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမှာ ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်သင့်လဲ

Photo: Everyday Health

"စိတ်ကျန်းမာရေးအခက်အခဲတွေကြုံလာခဲ့ပြီဆိုရင် ကိုယ့်ရဲ့အတွေးတွေ၊ ကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့ ကိုယ့်ရဲ့အပြုအမူတွေကပြောင်းလဲသွားပါတယ်။ ဒီလိုပြောင်းလဲမှုတွေက အချိန်အတော်များများသတိထားမိလာတယ်၊ နှစ်ပတ်ထက်ပိုပြီး သတိထားမိလာတယ်၊ ပြောင်းလဲမှုတွေက ကိုယ့်ရဲ့နေ့စဉ်ဘဝကို အပျက်သဘောသက်ရောက်နေပြီဆိုရင်တော့ ကျွမ်းကျင်သူပညာရှင်နဲ့တွေ့ဖို့လိုလာပါပြီ" Marble Psychological Service က Intake Coordinator မခင်မိုးဟိန်း က အကြံပြုပါတယ်။

စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြသမယ်ဆိုရင် စိတ်ရောဂါကုဆရာဝန်တွေကိုပဲ လူအများစုက မြင်တတ်ကြပါတယ်။ စိတ်ကျန်းမာရေးပညာရှင်ဆိုတာ အမျိုးမျိုးရှိပါတယ်။ အဓိကသိထားသင့်တဲ့ စိတ်ရောဂါကျွမ်းကျင်ပညာရှင်တွေကတော့ စိတ်ရောဂါကုဆရာဝန်၊ စိတ်ကျန်းမာရေးဆရာဝန်၊ ဆွေးနွေးအကြံပြုပညာရှင်တွေပဲဖြစ်တယ်လို့လည်း မခင်မိုးဟိန်းက အကြံပြုပါတယ်။

ကုသမှုခံယူတဲ့အခါမှာလည်း ဆေးဝါးနဲ့ကုထုံးကို လိုအပ်သလိုအသုံးပြုကြရပါတယ်။ ဆေးဝါးမှာ ဘေးထွက်ဆိုးကျိုးအချို့ရှိပေမယ့် ကုထုံးကတော့ ဘေးထွက်ဆိုးကျိုးမရှိဘဲ အချိန်ယူကုသရတာမျိုးပါ။

ဘယ်လိုကူညီကြမလဲ

Photo: The Sun

စိတ်ကျန်းမာရေးအကူအညီလိုအပ်နေသူတွေကို ကူညီမယ်ဆိုရင် အရေးအကြီးဆုံးလိုက်နာရမယ့်အချက်က အကောင်းအဆိုးဝေဖန်မှုမျိုးမပြုလုပ်ဖို့ပါ။ ပြောပြတာကို နားထောင်ပါ။ သူလိုအပ်မယ့်အကူအညီကို မှန်မှန်ကန်ကန်ရှာဖွေပေးနိုင်ဖို့လိုပါတယ်။

ရင်ဖွင့်ပြောဆိုသူရဲ့ ပေါက်ကြားလို့မဖြစ်တဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံထိန်းသိမ်းပေးနိုင်ရပါတယ်။ သူတို့ခံစားချက်ကို နားထောင်ပြီးတဲ့အခါမှ နှစ်သိမ့်ဆွေးနွေးတာ၊ အကြံပြုတာမျိုးတွေကို စိတ်ရှည်ရှည်နဲ့လုပ်ဆောင်ဖို့အတွက်လိုအပ်ပါတယ်။

လူတိုင်းတစ်ချိန်မှာ စိတ်ပညာအကူအညီလိုအပ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ အားလုံးပျော်ရွှင်သာယာဖို့အတွက် စိတ်ကျန်းမာရေးအကူအညီလိုသူတွေတောင်းခံလာရင် ကူညီပေးပါ။ ခံစားချက်တွေကိုမျှဝေပြီး နှစ်သိမ့်ကူညီပေးပါလို့ တောင်းဆိုအကြံပြုအပ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က