ထိုနေအိမ်မှာ နေထိုင်တဲ့ စိတ်ကျန်းမာရေးမကောင်းသူက အိမ်ကို မီးပြန်ရှို့ခဲ့တာ ဖြစ်ပါတယ်

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက် ခြံတော်ကြီးလမ်းမှာ ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

(Photo: KP:)

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူက စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး ထိုနေအိမ်မှာ နေထိုင်သူဖြစ်ပြီး နေအိမ်ကို မီးပြန်ရှို့ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေထိုင်သူတွေက ပြောပါတယ်။



 

(Photo: KP:)

"၉ နာရီကျော်လောက်မှာ မီးလောင်တယ်၊ ၁၀ နာရီဝန်းကျင်မှာ ငြိမ်းသွားတယ်။ အိမ်မှာနေတဲ့သူကစိတ်ကျန်းမာရေးမကောင်းဘူး၊ မိသားစုနဲ့လည်းမတည့်ဘူး၊ အိမ်လည်းအလာမခံဘူး၊ တစ်ယောက်ထဲနေတာ၊ ရပ်ကွက်နဲ့လည်း အဆင်မပြေဘူး၊ဆဲဆိုတာရှိတယ်၊ ဒီနေ့လည်း အိမ်ပေါ်မှာ သူ့ဘာသာရှို့နေတာ၊ မီးခိုးထွက်မှ ပတ်ဝန်းကျင်ကသိပြီး အကြောင်းကြားလို့ သိရတာ၊ ဆံပင် မီးလောင်တယ်၊ ဂုတ်ပိုးမှာ၊ လက်ပြင်မှာထိတာ"လို့ ပရဟိတလုပ်ကိုင်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။ 

(Photo: KP:)

မီးလောင်မှုကြောင့် ဆံပင်မီးလောင်ကျွမ်းခြင်း၊ မျက်လုံး လက်နဲ့ ဂုတ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် စစ်ကိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှုပေးနေကြောင်း၊ ဒဏ်ရာသက်သာပါက စိတ်ကျန်းမာရေးဆေးရုံကို ပို့ဆောင်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ နေအိမ်မီးလောင်မှုမှာ မိနစ် ၂၀ လောက်သာ ကြာမြင့်ခဲပေမယ့် နေအိမ်အပေါ်ထပ်တစ်ထပ်လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က