ယေဘုယျအားဖြင့်တော့ တိုက်စစ်ကစားသမားတွေက လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး မကြာခင်မှာ ပိုပြီးကောင်းတဲ့အသင်းကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။
စပါးနည်းပြသစ်ကွန်တီကတော့ သူ့ရဲ့ပွဲဦးထွက်အဖြစ် အသင်းကို နိုင်ပွဲရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယူရိုပါကွန်ဖရင့်လိဂ်အဖြစ် စပါးဟာ ဗီတက်စီနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပွဲကလည်း ထင်မှတ်မထားတဲ့ အလှည့်အပြောင်းတွေနဲ့ အကြိတ်အနယ်ရှိခဲ့ကာ ပထမအကျော့ရှုံးကြွေးကို စပါးက အိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင်ယူပြီး ပြန်ဆပ်နိုင်ခဲ့ပါတယ်။
ပွဲချိန်နာရီဝက်အတွင်းမှာပဲ ၃-၀ ဆိုတဲ့ရလဒ်နဲ့ စပါးက ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ချေပဂိုး ၂ဂိုးကို အချိန်တိုအတွင်း ပြန်ပေးခဲ့ရလို့ ပထမပိုင်းမှာကတည်းက ၃-၂ ဆိုတဲ့ အနေအထားဖြစ်နေခဲ့ပါတယ်။ ဒုုတိယပိုင်းမှာ စပါးနောက်ခံလူရိုမီယိုထုတ်ပယ်ခံခဲ့ရလို့ ကွန်တီရဲ့အသင်းရုန်းကန်ခဲ့ရပြီး ၈၁ မိနစ်နဲ့ ၈၅ မိနစ်တို့မှာ ဗီတက်စီကစားသမား ၂ဦး ဆက်တိုက်အထုတ်ခံခဲ့ရပါတယ်။
ဒီပွဲမှာ ကွန်တီက သူ့ရဲ့ထုံးစံအတိုင်း ၃-၅-၂ ပုံစံကိုပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အီမာဆင် နဲ့ ရီဂွီလွန်တို့က wing-backs တွေအဖြစ်ကစားပေးခဲ့ကာ မော်ရာ၊ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့က တိုက်စစ်ပိုင်းကို တာဝန်ယူပေးခဲ့ကြပြီး ဆွန်နဲ့ မော်ရာက တစ်ဂိုးစီသွင်းယူပေးနိုင်ခဲ့ပါတယ်။ စပါးခံစစ်ကစားသမားတွေအတွက်တော့ ဒီနည်းစနစ်က အနည်းငယ်အခက်တွေ့ခဲ့ပုံရကာ လာမယ့်ပွဲတွေမှာတော့ ပိုပြီးကြိုးစားရတော့မှာဖြစ်ပါတယ်။
တိုက်စစ်ကစားသမားတွေထဲမှာ ကိန်းတစ်ဦးတည်း ဂိုးမရခဲ့တာဖြစ်ပေမယ့် မော်ရာရဲ့ သွင်းဂိုးကိုတော့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နည်းပြသစ်နဲ့အတူ ပထမဆုံးပွဲဖြစ်တာကြောင့် စပါးခြေစွမ်းက ခန့်မှန်းရခက်နေပြီး ယေဘုယျအားဖြင့်တော့ တိုက်စစ်ကစားသမားတွေက လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး မကြာခင်မှာ ပိုပြီးကောင်းတဲ့အသင်းကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။