ဒါလေးတွေ သေချာလုပ်ကြည့်ရင် စိတ်ရောကိုယ်ပါ ကျန်းမာလာပါလိမ့်မယ်။

ဒီလိုအရာရာ ခက်ခဲကြပ်တည်းတဲ့ ကာလမှာ တစ်ဦးချင်းအနေနဲ့ များစွာ‌သော အရေးကိစ္စတွေ၊ လူမှုရေးပြဿနာတွေကြောင့် စိတ်ညစ်မှုတွေ နဲ့ စိန်ခေါ်မှုတွေ၊ စိတ်ဖိစီးမှု ကိုယ်စီကိုယ်စီမှာရှိ‌နေတတ်ကြပါတယ်။ ဒီလိုပြဿနာမျိုးကြုံ‌တွေ့ခံစားနေရလို့ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ထိခိုက်လာစေပြီဆိုရင် အခု ဝေမျှပေးမယ့် နည်းလမ်းတွေက အသုံးဝင်လာနိုင်ပါတယ်။


ကောင်းမွန်တဲ့ အိပ်စက်မှုပုံစံ 


စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် ပထမဦးဆုံး ကောင်းမွန်တဲ့ အိပ်စက်မှုပုံစံ sleeping pattern ကို စတင်တည်ဆောက်ထားနိုင်ဖို့ အရေးကြီးပါတယ်။ လုံလောက်တဲ့ အိပ်စက်အနားယူမှု ရရှိခြင်းဟာ လူတယောက်ရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အရွယ်ရောက်ပြီးသားသူတယောက်အနေနဲ့ ဆိုရင် ပုံမှန် အိပ်ချိန် ၇ နာရီကနေ ၉ နာရီကြားရှိသင့်ပြီး ဆယ်ကျော်သက်အရွယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပုံမှန် တစ်ရက်ကို အိပ်ချိန် ၈ နာရီကနေ ၁၀ နာရီကြားရှိဖို့ အထူးဂရုပြုသင့်ပါတယ်။


စနစ်ကျတဲ့ စားသောက်မှုပုံစံ 


ဒုတိယအချက်အနေနဲ့  သင့်တင့်မျှတပြီး အာဟာရပြည့်ဝတဲ့ အစားအစာကို အချိန်မှန်စွာ စနစ်တကျ စားသုံးပေးခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်စေဖို့ အထောက်အကူပြုစေမှာဖြစ်ပါတယ်။  

စားသုံးသင့်တဲ့ အစားအစာတွေကတော့

  • ရောဂါကာကွယ်စေတဲ့ အစားအစာအုပ်စု (ဟင်းသီးဟီးရွက်နဲ့ အသီးအနှံမျိုးစုံ) 
  • ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးတိုးတက်စေတဲ့ အစားအစာအုပ်စု (ပရိုတင်းဓာတ်ပါတဲ့ အသားနဲ့ ပဲအမျိုးမျိုး)
  • ခွန်အားဖြစ်စေတဲ့ အစားအစာအုပ်စု (ထမင်း၊ ဆန်၊ ဂျုံ၊ ပြောင်း) ဆိုပြီး

လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အဓိက အာဟာရအုပ်စု ၃ စု ရှိတာ အားလုံးသိထားပြီးဖြစ်မှာပါ။ ဒီအစာအုပ်စု ၃ ခုလုံးကို စနစ်တကျ စားသုံးပေးသင့်ပါတယ်။ 


ကျန်းမာကြံ့ခိုင်စေတဲ့ နေထိုင်မှုပုံစံ 


ဒါ့အပြင် ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကိုရရှိဖို့အတွက် မိမိနဲ့ သင့်လျော်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေကို နေ့စဉ်ဘဝမှာ ပုံမှန်လေ့ကျင့်ပေးခြင်းဟာလည်း ထင်မထားလောက်အောင် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ အနည်းဆုံး ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်နိုင်ဘူးဆိုရင်တောင် လမ်းလျှောက်တာကိုတော့ နေ့စဉ်လုပ်ပေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။


အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားပုံစံ 

နောက်တချက်အနေနဲ့ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားဆိုတဲ့အချက်ဟာ အင်မတန်ကျယ်ပြန့်လှပါတယ်။ မိမိမှာရှိတဲ့ပိုင်ဆိုင်ထားတဲ့အရာတွေကိုတန်ဖိုးထားတတ်တဲ့၊ ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်ကို စတင်တည်ဆောက်ထားခြင်းအားဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ အဓိကကျတဲ့ စိတ်ခွန်အားတွေ၊ Mental Resilience လို့ခေါ်တဲ့ စိတ်ကြံ့ခိုင်မှုတွေအတွက် များစွာအထောက်အကူပြုပါတယ်။ 

ဒီအရာလေးတွေကိုသာ နေ့စဉ်ဘဝမှာ သေချာလိုက်နာကျင့်သုံးမယ်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ရဖို့ လုံးဝအာမခံပါတယ်။ 

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ စိတ်ကျန်းမာရေးနယ်ပယ်က Lay-Counselor တစ်ဦးဖြစ်တဲ့ မထားအိရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။



Share

Loading Next Article...
က္က