မဂိုအင်ပါယာဟာ အနုပညာကြွယ်ဝမှုနဲ့ ဗိသုကာပညာ အောင်မြင်မှုများကြောင့် သမိုင်းမှာ ကျော်ကြားခဲ့ပါတယ်

စိန်နဲ့ မြကျောက်တို့ဖြင့် ပြုလုပ်ထားတဲ့ ရှားပါးမျက်မှန်နှစ်လက်ကို ယခုလနှောင်းပိုင်း လန်ဒန်မြို့မှာ လေလံတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

လေလံကုမ္ပဏီ Sotheby's ရဲ့ အဆိုအရ အဆိုပါ မျက်မှန်တွေဟာ မဂိုအင်ပါယာခေတ် ၁၈၉၀ ခုနှစ်ဝန်းကျင်မှ ဖြစ်တယ်လို့ သိရပါတယ်။ မျက်မှန်တစ်လက်ကို အမေရိကန်ဒေါ်လာ ၂ သန်းမှ ၃.၄ သန်း ကြမ်းခင်းဈေး သတ်မှတ်ထားပါတယ်။ လေလံပွဲမတိုင်မီ ကျောက်မျက်ရတနာစီခြယ်ထားတဲ့ မျက်မှန်တွေကို ယခုလအတွင်း ဟောင်ကောင်နဲ့ လန်ဒန်မှာ ပထမဆုံးအကြိမ် ခင်းကျင်းပြသခဲ့ပါတယ်။



(Photo: Sotheby's)

ယခု မျက်မှန်တွေကို လေလံတင်ရောင်းချစေတဲ့ ပိုင်ရှင်က မည်သူဖြစ်ကြောင်း အတိအကျ မသိရပေမဲ့ မဂိုတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ မဂိုအင်ပါယာက ၁၆ ရာစုနဲ့ ၁၇ ရာစုအတွင်း နယ်မြေပိုင်ဆိုင်အုပ်ချုပ်ခဲ့ပြီး အနုပညာကြွယ်ဝမှုနဲ့ ဗိသုကာပညာ အောင်မြင်မှုများကြောင့် သမိုင်းမှာ ကျော်ကြားခဲ့ပါတယ်။

(Photo: Sotheby's)

"မျက်မှန်တွေမှာ အသုံးပြုထားတဲ့ ကျောက်မျက်တွေရဲ့ အရည်အသွေးနဲ့ သန့်စင်မှုက အံ့မခန်းဖြစ်ပြီး ဒီအရွယ်အစားက ဧကရာဇ်တစ်ပါးအတွက်ဆိုတာ သေချာပါတယ်" လို့ Sotheby's က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မျက်မှန်မှာ အသုံးပြုထားတဲ့ စိန်ဟာ သဘာဝစိန်တစ်လုံးမှဖြစ်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်း Golconda ခံတပ်မြို့ရှိ ကျောက်တွင်းတွေမှ ဖြစ်တယ်လို့ ယူဆရပါတယ်။ မြကျောက်တွေကတော့ ကိုလံဘီယာမှ သဘာဝမြကျောက်တစ်လုံးမှ ဖြစ်တယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က