သားအကြီးဆုံးဖြစ်ပါတယ်။

ကျော်ကျော်ဗိုက သြဂုတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့အတွက် အမှတ်တရ ဆုတောင်းစကား ဆို ထားပါတယ်။ သူ ဟာ အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာဖြစ်သလို ခရီးသွားအစီအစဉ် တင် ဆက်သူ အဖြစ်နဲ့လည်း လုပ် ဆောင်နေတာကို တွေ့ရပါတယ်။



Photo: ဒေါ်ခင်သန်းမြင့်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ကျော်ကျော်ဗိုက သြဂုတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ မိခင်ဖြစ်သူ ဒေါ်ခင်သန်းမြင့်ရဲ့ မွေးနေ့ အမှတ်တရအဖြစ် အခုလို ဆုတောင်းပေးခဲ့ပါတယ်။ ကျော်ကျော်ဗိုဟာ နိုင်ငံကျော် ရွှေမန်းသဘင်မျိုးနွယ်က နိုင်ငံကျော် ဇာတ်မင်းသား၊ သရုပ်ဆောင်ကြီး ဦးဝင်းဗို ရဲ့ သားဖြစ်ပါတယ်။

'' Happy Birthday ပါ မေမေ ကျွန်တော်မသေခင် မိဘကိုစိတ်ချမ်းသာအောင်ထားနိင်သောသူဖြစ်ခွင့်ရလိုပါသည်'' ဆိုပြီးတော့ သြဂုတ်လ ၂၂ ရက်နေ့ည ၁၀ နာရီကျော်က သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ကနေတဆင့် ဆုတောင်းစကားဆိုခဲ့ပါတယ်။ ကျော်ကျော်ဗို တို့ကတော့ ညီအစ်ကို နှစ်ယောက်ရှိပါတယ်။ သူက အကြီးဆုံးသားဖြစ်ပါတယ်။

Photo: ဒေါ်ခင်သန်းမြင့်ဖေ့စ်ဘွတ်

လူမှုကွန်ယက်ပေါ်က ဓာတ်ပုံတွေအကြောင်းဖြေရှင်းလိုက်တဲ့ နေတိုး 

ကျော်ကျော်ဗိုဟာ အနုပညာလောကထဲမှာ ရာစုနှစ်အတော်ကြာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်အပိုင်းမှာလည်း ပရိသတ်အားပေးမှု များစွာရှိသလို ဇာတ်ကတဲ့ နေရာမှာလည်း အရမ်းကိုတော်တဲ့ မင်းသားတစ်ယောက်ပါ။ အဲ့ဒီနောက် နှင်းဆီအငြိမ့် အဖွဲ့ နဲ့ အတူ ပရဟိတတွေ ဖျော်ဖြေရေးတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

Photo: ဒေါ်ခင်သန်းမြင့်ဖေ့စ်ဘွတ်

 

လက်ရှိမှာတော့ ကျော်ကျော်ဗို က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ နောက်ထပ်ဝါသနာတစ်ခု ဖြစ်တဲ့ ခရီးသွားခြင်း အကြောင်းအရာတွေကိုလည်း အစီအစဉ်အသစ်တစ်ခုအဖြစ် Free to Air ရုပ်သံလိုင်းကနေ တဆင့် တင်ဆက်ပေးနေတာဖြစ် ပါတယ်။ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံ တွေကိုတော့ သွားရောက်လည်ပတ်ပြီးပြီလို့ သိရပါတယ်။

Photo: ဒေါ်ခင်သန်းမြင့်ဖေ့စ်ဘွတ်

 

သူ သွားရောက်ခဲ့တဲ့ နိုင်ငံတွေ တိုင်းက နေရာဒေသတွေမှာလည်း ခရီးသွားရင် မဖြစ်မနေ ရောက်သင့်တဲ့ ဒေသတွေ၊ လှပတဲ့ ရှုခင်းလေး တွေရဲ့ အကြောင်းကို ရိုက်ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ နောက်ထပ်လည်း ကမ္ဘာဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနဲ့ ဘရူနိုင်းနိုင်ငံတွေကိုပါ ဆက်သွား ဖို့ရှိသေးတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က