၁၃ နှစ်အရွယ် မိန်းကလေးငယ်ပေါ် ပြုတ်ကျခဲ့တာပါ။

ဆာအိုပေါ်လိုနဲ့ဂရီမီယိုတို့ပွဲမှာ ပေ ၄၀ အမြင့်ရှိတဲ့ အပေါ်ဆုံးပွဲကြည့်စင်ပေါ်ကနေ ပြုတ်ကျခဲ့တာကြောင့် ပေါင် ရိုးကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

ဘရာဇီးလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆာအိုပေါ်လိုနဲ့ဂရီမီယိုတို့ပွဲစဉ်ကို အားပေးကြည့်ရှုခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ပရိသတ်တစ်ဦးအနေနဲ့ ပွဲချိန်အတွင်း ပေ ၄၀ အမြင့်ရှိတဲ့ ပွဲကြည့်စင်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။

ပရိသတ် ပြုတ်ကျခဲ့တဲ့ ဗီဒီယို


အဆိုပါ ပရိသတ်အနေနဲ့ အောက်ဆုံးထပ်မှာ အားပေးနေတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ပေါ် ပြုတ် ကျခဲ့လို့ ၂ ဦးစလုံးကို အရေးပေါ် လူနာတင်ယာဉ်နဲ့ နီးစပ်ရာ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ရတယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပရိသတ် ၆၆၇၉၅ ဦး ဝင်ဆံံ့တဲ့ဆာအိုပေါ်လို ကွင်းကြီးအတွင်း အဆိုပါ ပရိသတ်အနေနဲ့ ပြုတ်မကျမီ တာဝန်ရှိ ရဲအရာရှိတွေကို အပြစ်တင်ပြောဆိုနေခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြတယ်လို့ The Sun သတင်း ဌာနက ဖော်ပြထားပါသေးတယ်။



ပြုတ်ကျရာမှာတော့ အသက် ၁၃ နှစ်သာရှိသေးတဲ့ဂျီအိုဗာနာ အမည်ရှိ မိန်းကလေးငယ်ပေါ် ပြုတ်ကျခဲ့ပေမယ့် မိန်းကလေးငယ်မှာ ကံကောင်းစွာပဲ ဒဏ်ရာအနာတရ မရရှိခဲ့ပဲ ပြုတ်ကျသူကတော့ ပေါင်ရိုးကျိုးသွားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က