ညီမရဲ့သူငယ်ချင်းဖြစ်လို့ မကောင်းတဲ့ Comment တွေ မပေးစေချင်ပါဘူး။

ဝါဝါဝင်းရွှေရဲ့ မြေးအငယ်မလေးဖြစ်တဲ့ ဝင်းဝါပန်းမြတ်သူဟာ စေ့စပ်ထားတယ်ဆိုတဲ့ သတင်းတွေဟာ အမှန်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ အခုဆိုရင်တော့ အနုပညာအလုပ်တွေထက် ပညာရေးကို ပိုဦးစားပေးနေပါတယ်တဲ့။

အကယ်ဒမီများရှင် ဝါဝါဝင်းရွှေရဲ့ မြေးအငယ်မလေး ဝင်းဝါပန်းမြတ်သူ ကတော့ အွန်လိုင်းစာမျက်နှာပေါ်မှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် စေ့စပ်ထားတဲ့ ကောင်လေးရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတဲ့အပေါ် Duwun Media ကနေ ပြန်လည်ဖြေရှင်း ခဲ့ပါတယ်။



“ ဓာတ်ပုံထဲက ကောင်လေးက ညီမရဲ့ သူငယ်ချင်းပါ။ အဲဒါကို လူတွေက အတင်းတွေ လိုက်ပြောနေတော့ မဟုတ်ဘူးဆိုတဲ့အကြောင်းလည်း ပြောချင်ပါတယ်။ မကောင်းတဲ့ Comment တွေ မပေးပါနဲ့လို့ပြောချင်ပါတယ်။ ဒါက သူငယ်ချင်းနဲ့ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ စေ့စပ်ထားတာလည်း မဟုတ်ပါဘူး။ ကိုယ်ကတော့ ဒါတွေကို စိတ်ထဲ သိပ်မထားပါဘူး။ ဒါပေမယ့် သူငယ်ချင်းတွေကိုတော့ သိပ်မပြောကြပါနဲ့လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

Photo: Win War Pan Myat Thu

ဝင်းဝါပန်းမြတ်သူဟာ ငယ်ငယ်တုန်းကတည်းက ဝါဝါဝင်းရွှေရဲ့ မြေးလေးအဖြစ် TV ကြော်ငြာ တွေရိုက်ခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ ပညာရေးကိုပဲ ဦးစားပေးသွားမယ်လို့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်က “ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး”ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“ အခုလောလောဆယ်ကတော့ ကြော်ငြာတွေရိုက်ဖို့ရှိပါတယ်။ အခုက ၁၀ တန်းဆိုတော့ ပညာရေးကို ပထမ ထား ထားတဲ့အတွက် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်သေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာက ဆွဲဆောင်မှုရှိလဲဆိုတာလည်း မသိပါဘူး။ ဒါပေမယ့် အရမ်းသဘောကျပြီးတော့ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

ပရိသတ်အချစ်တော်မလေး ဝင်းဝါပန်းမြတ်သူ ကတော့ မကြာခင်မှာ သူမရဲ့ မွေးနေ့ ရောက်ရှိတော့မယ်လို့ သိရပါတယ်။ ဒါကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ဆိုရင် အသက် ၁၆ နှစ်ပြည့်ပြီလို့ ဆိုပါတယ်။

“အသက် ၁၆ နှစ်ပြည့်တော့မယ့်အချိန်မှာဖေ့စ်ဘွတ်မှာ အရမ်းအောင်မြင်နေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်ခါတလေ Comment တွေလည်း လိုက်ဖတ်ကြည့်ဖူးပါတယ်။ အဲဒီလောက် ဖြစ်လာမယ်မှန်းလည်း မထင်ထားဘူး။ အားပေးကြတဲ့အတွက်ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သူက ပြောပါတယ်။

Photo: Win War Pan Myat Thu

ဝင်းဝါပန်းမြတ်သူကတော့ နာမည်ကျော်ဒါရိုက်တာကြီး ဦးသန်းထွဋ်(ကွယ်လွန်) နှင့် အကယ်ဒမီများရှင် ဝါဝါဝင်းရွှေတို့ရဲ့ သားကြီး ဒါရိုက်တာ ဝင်းထွဋ်ဝင်းက မွေးဖွားလိုက်တဲ့ သမီးငယ်လေးဖြစ်ပါတယ်။ အနုပညာမျိုးရိုးက ဆင်းသက်လာသူလေး ဆိုရင်လည်း မမှားပါဘူး။ အခုဆိုရင်တော့ ဝင်းဝါပန်းမြတ်သူကို ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က