သူမ အဖေကတော့ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ချယ်ရီသင်း ကတော့ ဂီတ နဲ့ ပတ်သက်ပြီး မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သူမရဲ့ ဖခင်ကို အနားမှာရှိစေချင်တယ်လို့ဆိုပါတယ်။

Photo: ချယ်ရီသင်း



Shwe FM ဂီတ ဆုပေးပွဲမှာတော့ ‘’ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်’’ သီချင်းလေးနဲ့ ချယ်ရီသင်းက Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆုကို ရရှိခဲ့တာပါ။ ဒါကတော့ သူမရဲ့ ဖခင်ဖြစ်စေချင်တဲ့ ဆန္ဒတွေ ဖြစ်လာတာကြောင့် သတိရမိတယ်လို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ ချယ်ရီ အဖေ ဆုံးတာ ၈ နှစ်ရှိပါပြီ။ အဖေက အရမ်းအဆိုတော်ဖြစ်စေချင်တယ်။ အဖေသာရှိရင်တော့ အရမ်းပျော်မှာ။ အဖေက ချယ်ရီ့ကို ပွေ့ချီပြီးတော့ ဒီခန်းမ တစ်ခုလုံးကို ပတ်ပစ်မလား မသိဘူး။ အဖေရှိရင်ကောင်းမှာပဲပေါ့နော်။ အဲဒါကြောင့် အရမ်းသတိရတယ်။ ဒီအချိန်မှာ အဖေသာရှိရင် ပိုပြီးတော့ အဆင်ပြေမှာ ပျော်မှာ’’ လို့ သူကဆိုပါတယ်။

‘’ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်’’ သီချင်းလေးဟာ လူကြီး၊ လူငယ်၊ ကလေး ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းလှတဲ့ သီချင်းဆိုရင်လည်း မမှားပါဘူး။ ဒီသီချင်းလေးနဲ့ ဆုရရှိလာတာကြောင့်လည်း ဝမ်းသာနေတယ်လို့ ချယ်ရီသင်းက ပြောပါတယ်။

‘’ ချယ်ရီ အရမ်းပျော်တယ်။ ဘာကြောင့်လဲဆိုတော့ ကလေး သေးသေးလေးတွေက အစ ဒီသီချင်းကို ဆိုကြတာ။ ဒီသီချင်းကို ရေးတဲ့သူကလည်း ပျော်နေမှာပါ။ ချယ်ရီလည်း ဆိုတဲ့ သူဆိုတော့ ပိုပျော်တယ်။ အဲဒါကြောင့် အားပေးတဲ့သူတစ်ယောက်ချင်းစီတိုင်းကို ချယ်ရီ ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က Shwe FM ဂီတဆုပေးပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: ချယ်ရီသင်း

ဂီတလောကမှာ မှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်တဲ့ ချယ်ရီသင်းကတော့ သူမအတွက် ကျေးဇူးတင်ရမယ့် အရာတွေက အများကြီးပါလို့ ဆိုပါတယ်။

‘’ ကိုယ့်ကို မွေးတဲ့ အဖေ နဲ့ အမေ၊ တေးရေးဆရာကိုလည်းကျေးဇူးတင်ရမယ်။ တောင်းဆိုပေးကြတဲ့ ပရိသတ်တွေရော၊ ဆုပေးတဲ့ Shwe FM ကိုရော၊ ကျေးဇူးတင်ရမယ်ဆိုရင်တော့ အများကြီးပေါ့နော်။ ဘေးကနေ အားပေးနေကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်’’ လို့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

ချယ်ရီသင်း ကို ပရိသတ်တွေ စတင်သိရှိခဲ့တာကလည်း ‘’ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်’’ ဆိုတဲ့ တေးသီချင်းနဲ့ပဲ သိရှိခဲ့ကြတာဖြစ်ပါတယ်။ အချစ်သီချင်းချိုချိုလေးကို သူမရဲ့ အသံစူးစူးအေးအေးလေးတွေနဲ့ ပေါင်းဖက်လိုက်တဲ့အခါမျိုးမှာတော့ သီချင်းကောင်းတစ်ပုဒ် ထွက်ပေါ်လို့ လာခဲ့တာပါ။ ဒီသီချင်းကိုတော့ တေးရေး Saw L Za က ရေးစပ်သီကုံးပေးထားတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က