နေရာမပေးတဲ့သူတွေအ ကြောင်းရင်နာစွာ ပြောပြလာတာပါ။

အနုပညာ အလုပ်တွေကိိုနှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ရင်း ကြုံတွေ့ခဲ့ရတဲ့ စိတ်နာစရာဖြစ်ရပ်အကြောင်းကို သရုပ်ဆောင်နွယ်နီက Duwun Cele Yatkwat ကနေ တဆင့်ရင်ဖွင့်လာပါတယ်။ 

 "ခရီးတစ်ခု သွားတယ်ပေါ့နော်။ ခရီးသွားရင် အငယ်ပိုင်းလေးတွေကို ဟိုတယ်မှာထားတယ်။ အစ်မတို့ကို​တော့ဘုန်းကြီး ကျောင်းမှာထားတယ်။ ဘုန်းကြီးကျောင်းကနေ တစ်နေရာကိုရွှေ့တော့ ကလေးတွေလည်းပါတယ်။ အော် နွယ်နီပါလားဆိုပြီး စက်အဖွဲ့တွေကြားထဲမှာ ဟိုဘက်စက်အဖွဲ့ဒီ ဘက်စက်အဖွဲ့ Hall ကြီးထဲမှာ အစ်မနဲ့အစ်မသားလေးနဲ့ နောက်ဇာတ်ပို့တစ်ယောက်နဲ့ ၃ည တိတိ စက်အဖွဲ့ကြားထဲ အိပ်ခဲ့ရတယ်။ အစ်မပြောချင်တာ ဘူန်းကြီးကျောင်းမှာဆိုရင်တောင် သူ့အခန်းလေးနဲ့သူထား ကျေနပ်ပြီ။ ဒီလိုစက်အဖွဲ့တွေ ကြားထဲမှာ အစ်မတို့အိပ်ခဲ့ရတာ သင့်လည်းမသင့်တော်ဘူး။ ဒါကအစ်မတို့က ဖြတ်လျှောက်ပေါ့။ ဖြတ်လျှောက်ထက်တောင်အဆင့်နိမ့်တဲ့ အတန်းထဲကိုထည့်လိုက်တာ။ ဒါပေမယ့်အစ်မ သည်းခံတယ်။ ဒါပေမယ့်အဲ့ဒါကိုအစ်မ မမေ့ဘူး။ အစ်မ အတွက်အနုပညာလောကထဲမှာစိတ်အနာဆုံးကိစ္စတစ်ခုကိုပြောပြတာပါ။"အနုပညာလောကထဲက ခွဲ ခြားဆက်ဆံခံခဲ့ရတဲ့အကြောင်းတွေကိုရင်ဖွင့်လာပါတယ်။ 

အနုပညာေလာကထဲကို အသက်၁၈နှစ်ကတည်းက ဝင်ရောက်လာပြီး အနုပညာ ဝမ်းစာတွေအပြည့်ရှိပေမယ့်လည်း အခြေအနေမပေး၊ အနုပညာလုပ်ကွက်တွေမရခဲ့တဲ့အတွက်ကြောင့်လည်း စိတ်နာရတဲ့အကြောင်းတွေကိုပြောပြလာပါတယ်။ 

"အစ်မလုပ်ခဲ့တဲ့ သက်တမ်း၂၀ ကျော်မှာ အနုပညာဝမ်းစာတွေအ​ပြည့်ရှိပါတယ်။ ဒါပေမယ့်အစ်မကလုပ်ခွင့်မရဘူး။ အစ်မကို အ​ခြေအနေ မ ပေးဘူး။ တစ်ခါတစ်လေကျရင် စိတ်နာတယ်။ ဒါပေမယ့် အနုပညာအလုပ်ကိုစွန့်လွှတ်မလားဆိုရင်တော့မစွန့်လွှတ်ပါဘူး။ နောက်ပိုင်းကောင်မလေးတွေကတော့အစ်မ နောက်မှဝင်လာတာဆိုပေမယ့် သူတို့က မင်းသမီးရဲ့သူငယ်ချင်းတွေလုပ်ရပြီး လုပ်ကွက်တွေရခဲ့တယ်။ ဒီအနုပညာအလုပ်ကိုချစ်တဲ့အတွက်အသက်၁၈နှစ်ကတည်းက လုပ်လာတာ။ ဒါပေမယ့်အစ်မကို တန်ဖိုးမထားတာတွေတွေးမိရင်တော့ဝမ်းနည်းတယ်"ဆိုပြီး အနုပညာအခွင့်အရေးတွေမရခဲ့တဲ့အပေါ် ဝမ်းနည်းစကားဆိုပါတယ်။ 


ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နွယ်နီက ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ ကမ်းလှမ်းခံရတာတွေ ရှိပေမဲ့ စျေးနှိမ်ခံနေရတဲ့အတွက် လက်မခံဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းကို ဝမ်းနည်းစွာ ပြောပြလာပါတယ်။

 "အခုက ဇာတ်ကားတွေတော့ မရိုက်ကြပေမယ့် ဇာတ်လမ်းတွဲတွေ ရိုက်တော့အစ်မကို တစ်ပိုင်း နှစ်ပိုင်း ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းတာလေးတွေတော့ရှိပါတယ် ။အဲ့လိုကမ်းလှမ်းတဲ့အခါမှာ သူတို့စိတ်ထဲ အစ်မကို ဘယ်လိုတွေးလဲတော့မသိဘူးပေါ့နော်။ သူတို့ Live Sale ရောင်းရင် ၅ထောင် ၁သောင်း မမြတ်ဘူး။ အဲဒီတော့ ကားရိုက်ကမ်းလှမ်းရင် ဟာ...စျေးတွေကမြင့်လှချည်လားတို့ ဘာတို့နဲ့ စျေးသည်အစစ်ကြီးပုံစံအတိုင်းအစ်မတို့ကိုမြင်သွားပါတယ်။အစ်မတို့ကိုအနုပညာသမားတစ်ယောက်လို့မမြင်တော့တာတွေရှိတယ်။အစ်မကိုဖြတ်လျှောက်တစ်ယောက်ရဲ့စျေးအတိုင်းတွေ ဖြတ်ပြီးပေးချင်နေတဲ့အတွက် အစ်မ မရိုက်တော့ပါဘူး" လို့ မနွယ်နီက စိတ်မကောင်းစွာ ပြောပြလာတာပါ။


Photo-Nwe Ni FB

သရုပ်ဆောင်နွယ်နီကတော့အသက်၁၈နှစ်ကတည်းက အနုပညာလောကထဲကိုဝင်ရောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် အနုပညာသက်၂၀ထဲ ကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ဖြတ်လျှောက်သရုပ်ဆောင်ခန်းတွေမှာသရုပ်ဆောင်ရင်း ဇာတ်ပို့ဇာတ်ရန် တစ်ဦးအဖြစ်သရုပ်ဆောင်လာရပြီး သားသမီးနှစ်ဦးနဲ့အတူ ဘဝကို ခက်ခဲစွာ ရပ်တည်နေရတာပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က