မအေးသောင်းတစ်ယောက် မိုရီဆာကီဝင်း နဲ့ စတင်တွေ့ဆုံခဲ့တဲ့ အမှတ်တရလေးကို ပြောပြလာပါတယ်။ အဝင်းရဲ့ ဟာသတွေအောက်မှာ တော်တော်ပျော်ခဲ့ရပါတယ်တဲ့။
Photo: Win's Show Time
မအေးသောင်း တစ်ယောက် ဂျပန်နိုင်ငံရဲ့ အဆိုတော်၊ မြန်မာမင်းသားချောလေး အဝင်း နဲ့ စတင်တွေ့ဆုံဖြစ်ခဲ့တဲ့ အကြောင်းပြောပြလာပါတယ်။ ဒီအမှတ်တရလေးကတော့ မမေ့နိုင်စရာ ရယ်စရာဖြစ်ရပ်လေးတစ်ခုပါပဲတဲ့။
‘’ကဲ ကဲ ကဲ ပထမဆုံး အဝင်းနဲ့ဆုံတဲ့နေ့ပေါ့လေ။ သူကမေးတယ်။ အဝင်း- "အမ ဆောရီးနော်၊ အမ အသက်ဘယ်လောက်ရှိပြီလဲ "တဲ့။ အသောင်း - " အော် ရတယ် မောင်လေး အမက ၃၅ ပြည့်တော့မယ် " လို့ပြောတော့ ဘာပြန်ပြောလဲ သိလား။ အဝင်း- "ဟာာ အမ အမရယ် မမြင်ရဘူးသိလား" တဲ့။ ကိုယ်လဲကြောင်သွားပြီး စဉ်းစားလိုက်ရတာအေ။ ခဏကြာမှ သဘောပေါက်ပြီး ထရီလိုက်ရတာအူတောင်တက်တယ်အဝင်းရယ်’’ ဆိုပြီးတော့ ဇွန်လ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Win's Show Time
အဲဒီနောက် မအေးသောင်းက အဝင်းရဲ့ ပင်တိုင် Program လေးတစ်ခုဖြစ်တဲ့ Win’s Show Time အစီအစဉ်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း Share ထားတာ တွေ့ရပါတယ်။ ခပ်အေးအေးနေတတ်တဲ့ မအေးသောင်းက အဝင်းနဲ့အတူ စိတ်ဝင်စားစရာကောင်းတဲ့ အရာလေးတွေ လုပ်ထားသေးတယ်လို့ ဆိုပါတယ်။
‘’ငါ့နှယ့် တကယ်က သူပြောချင်တာက မထင်ရဘူးလို့ပြောချင်တာ"တဲ့။ အဲ့ဒါကို "မမြင်ရဘူးနော်" လို့ပြောချလိုက်တာ။ အဲဒီလိုပါဆို * စိတ်ဝင်စားစရာကောင်းမယ်လို့တထစ်ချယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ show မှာ သီချင်းအသစ်ဆန်းဆန်းလေး တစ်ပုဒ်ဆိုပြီး ကွေးနေအောင်ကထားတာ။ တစ်ခါမှမကဘူးတဲ့ ကိုယ့်ကိုမြင်ကြရမှာပါ။ ရှိတ် ရှိတ် ရှိတ်’’ ဆိုပြီးတော့ လည်း ဆက်လက်ပြောပြလာပါတယ်။
Photo: Win's Show Time
မအေးသောင်းက အခုလက်ရှိ မေမြို့မှာ ‘’ပြုံးချို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးကို မကြာခင် ပရိသတ်ဆီ အရောက်ပို့ဖို့ ကြိုးစားပြင်ဆင်နေပါတယ်တဲ့။
‘’ချစ်ပရိတ်သတ်တွေအတွက်ဟာကနဲ၊ ဟင်ကနဲ ဖြစ်လောက်တဲ့ သီချင်းတစ်ပုဒ်ကို ချပြတော့မှာပါလို့ မအေးသောင်းကပြောတယ်။ သီချင်းအကြမ်းတော့သီဆိုလို့ ပြီးသွားပါပြီ Studio အပိုင်းလောက်ဘဲကျန်ပါတော့တယ်။ ဇွန်လကုန်၊ ဇူလိုင်လလောက်တော့ ပရိသတ်ဆီကိုချပြမှာပါ’’ လို့မအေးသောင်းရဲ့ ဖခင်ဖြစ်သူ ဦးမြင့်အောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ဖူးပါတယ်။
Photo: Eaith
အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်