ငါးပေရှည်တဲ့ စပါအုံးမြွေက ကိုက်ခဲ့တာဖြစ်ပါတယ်။

သြစတြေးလျးနိုင်ငံမှာ အမျိုးသမီးတစ်ဦး အိမ်သာတက်နေစဉ် မြွေကိုက်ခံခဲ့ရတယ်လို့ မြွေဖမ်းသမားက ပြောပါတယ်။ အသက် ၅၉ နှစ်အရွယ် ဟယ်လင်ရစ်ချတ်က ဘရစ္စဘိန်းမြို့မှ ဆွေမျိုးတစ်ဦးရဲ့ နေအိမ်ကိုရောက်ရှိနေစဉ် အမှောင်ထဲမှာ အိမ်သာအသုံးပြုခဲ့ရာ အိမ်သာကြွေခွက်ထဲမှာ ရှိနေခဲ့တဲ့မြွေ အကိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

(အိမ်သာကြွေခွက်ထဲမှာ ဝင်ခွေနေသည့် စပါအုံးမြွေ) (Photo: Jasmine Heleny)

အင်္ဂါနေ့ (ဇန်နဝါရီ ၂၂ ရက်) က အဆိုပါ အမျိုးသမီးကို ကိုက်ခဲ့တဲ့မြွေဟာ အဆိပ်မရှိတဲ့ စပါးအုံးမြွေ (carpet python) ဖြစ်တယ်လို့ သိရပါတယ်။ အိမ်သာကြွေခွက်ထဲမှာ ဝင်ခွေနေခဲ့တဲ့ စပါးအုံးမြွေဟာ ငါးပေရှည်တယ်လို့ ဆိုပါတယ်။ မြွေတွေက ရာသီဥတု ပူပြင်းနေချိန်မှာ ရေရှိရာ အိမ်သာကြွေခွက်တွေထဲမှာ ဝင်ခွေနေတတ်ကြကြောင်း စပါးအုံးမြွေကို ဖမ်းဆီးခဲ့သူ ဂျက်စမင်းဇီလန်နီက ပြောပါတယ်။



(မြွေဖမ်းသမားက အိမ်သာကြွေခွက်ထဲမှ စပါးအုံးမြွေကို ဖမ်းဆီးခဲ့စဉ်) (Photo: Jasmine Heleny)

"ကျွန်မလည်း ဘောင်းဘီချွတ်ထားတဲ့အတိုင်းကြီး လန့်ပြီးထခုန်မိတာပေါ့၊ နောက်တော့ အိမ်သာကြွေခွက်ထဲကို ပြန်လျှောဆင်းသွားတဲ့ မြွေကြီးကိုတွေ့ရတာပဲ" လို့ မြွေကိုက်ခံခဲ့ရတဲ့ ဟယ်လင်ရစ်ချတ်က သူ့အတွေ့အကြုံကို The Courier Mail သတင်းစာမှာ ဖွင့်ဟပြောခဲ့ပါတယ်။ ဟယ်လင်ရစ်ချတ်ဟာ အသေးစား မြွေကိုက်ဒဏ်ရာရခဲ့ပြီး ရောဂါပိုးသတ်ဆေးဖြင့် ကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။

(သြစတြေးလျမှာ အပူချိန် အလွန်မြင့်တက်ရာမှ တောမီးလောင်ကျွမ်းနေစဉ်) (Photo: Reuters)

"ဟယ်လင်က အိမ်သာကြွေခွက်ပေါ်မှာ ထိုင်လိုက်ချိန်မှာ ကံဆိုးစွာပဲ မြွေက သူ့အတွက် ထွက်ပေါက်ပိတ်သွားတော့ ကြောက်လန့်ပြီး ကိုက်လိုက်တာဖြစ်ပါလိမ့်မယ်" လို့ ဂျက်စမင်းက BBC ကို ပြောပါတယ်။ စပါးအုံးမြွေတွေကို သြစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် တွေ့ရလေ့ရှိပါတယ်။ စပါးအုံးမြွေတွေဟာအဆိပ်မရှိပေမဲ့ အကိုက်ခံရပါက မေးခိုင်ကာကွယ်ဆေး ထိုးသင့်တယ်လို့လည်း သိရပါတယ်။

လတ်တလော ရက်သတ္တပတ်များအတွင်း သြစတြေးလျနိုင်ငံတစ်ဝှမ်းမှာ အပူချိန် စံချိန်တင်မြင့်တက်မှုတွေ တွေ့ကြုံနေရပြီး တောရိုင်းတိရိစ္ဆာန်များလည်း အပူဒဏ်ခံနေရပါတယ်။ အပူဒဏ်ကြောင့် မြင်းရိုင်းများ၊ ဒေသမျိုးရင်း လင်းနို့များနဲ့ ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က