လက်ရှိ ဘဏ္ဍာရေးဝန်ကြီးက ဝန်ကြီးချုပ်သစ် ဖြစ်လာမှာပါ။

သြစတြေးလျနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် မဲလ်ကွမ်တန်ဘူးလ်ကို ၎င်းရဲ့ လစ်ဘရယ်ပါတီတွင်း ပြိုင်ဘက်တွေက ရာထူးမှ နုတ်ထွက်စေခဲ့ပြီးနောက် စကော့မော်ရစ်ဆင်က ဝန်ကြီးချုပ်သစ် ဖြစ်လာမယ်လို့ တာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။

သြစတြေးလျဝန်ကြီးချုပ်အသစ် စကော့မော်ရစ်ဆင် (Photo: Reuters)



ဝန်ကြီးချုပ်တန်ဘူးလ်ဟာ လူထုထောက်ခံမှုကျဆင်းခြင်း၊ လာမယ့်နှစ် ရွေးကောက်ပွဲကိစ္စတို့ဖြင့် ဖိအားများကြုံခဲ့ရပြီး ကွန်ဆာဗေးတစ် လွှတ်တော်အမတ်တွေရဲ့ ဆန့်ကျင်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ တန်ဘူးလ်ကလည်း ၎င်းရဲ့ လစ်ဘရယ်ပါတီထံမှ အဓိက ထောက်ခံမှုတွေ ဆုံးရှုံးခဲ့ကြောင်း ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ရာထူးကိစ္စနဲ့ ပတ်သက်ပြီး လစ်ဘရယ်ပါတီ ခေါင်းဆောင်ပိုင်း အစည်းအဝေးတစ်ရပ် ပြုလုပ်ရန် လက်မှတ်ရေးထိုးတောင်းဆိုသူ ၄၅ ဦး ရှိခဲ့တယ်လို့လည်း တန်ဘူးလ်က Twitter မှာ ရေးထားပါတယ်။

ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ရသည့် မဲလ်ကွမ်တန်ဘူးလ် (Photo: Reuters)



တန်ဘူးလ်ကို ရာထူးမှနုတ်ထွက်စေခဲ့ပြီးနောက် သြစတြေးလျဝန်ကြီးချုပ်သစ်ကို ပါတီတွင်း မဲပေးရွေးချယ်စေခဲ့ရာ လက်ရှိ ဘဏ္ဍာရေးဝန်ကြီး စကော့မော်ရစ်ဆင်က ထောက်ခံမဲ ၄၅ မဲဖြင့် အနိုင်ရခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဟောင်း ပီတာဒတ်တန်ကတော့ ထောက်ခံမဲ ၄၀ ရခဲ့တယ်လို့ သိရပါတယ်။ တန်ဘူးလ်ကတော့ ဝန်ကြီးချုပ်သစ် ရွေးချယ်ရာမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိတော့ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က