ဒိန်းမတ်ကွင်းလယ်လူအဲရစ်ဆန်ကတော့ လက်ရွေးစင်အသင်းမှာလည် တောက်လျှောက်ကို ခြေစွမ်းပြနေပါတယ်။ မနေ့ညက ပြင်သစ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ထိပ်တန်းကွင်းလယ်လူတဦးရဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ပြီး အားလုံးရဲ့ ချီးကျူးမှုတွေကို ထပ်မံပြီးတော့ ရယူနိုင်ခဲ့ကာ ရင့်ကျက်တည်ငြိမ်လာတဲ့ ကွင်းလယ်လူတဦးရဲ့ အသွင်သဏ္ဍာန်အပြည့်အ၀ရှိနေခဲ့ပါတယ်။
ပွဲချိန်တွင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေကတော့ -
Dribbles ၃ ကြိမ်စလုံး အောင်မြင်ခဲ့
ပေးပို့ပုံ ၈၄% တိကျခဲ့
ဘောလုံးထိချက် ၈၀ ကြိမ်
ဖြတ်တင်ဘော ၉ ကြိမ်လုပ်နိုင်ခဲ့
အရေးပါတဲ့ ပေးပို့မှု ၈ ကြိမ်
မြေပြင်ဘောလုံးရယူနိုင်မှု ၄ ကြိမ်
Long Balls ၂ ကြိမ် အထိ ရှိခဲ့ပါတယ်။
အခွင့်အရေးဖန်တီးပေးနိုင်မှု ၈ ကြိမ်ဟာ သူ့အသင်းဖော်အားလုံးစုစုပေါင်းလုပ်ပေးနိုင်တာထက် ပိုများခဲ့တာဖြစ်ပြီး အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ရည်ပဲလို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ခရိုအေးရှားကို အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း အသင်းရလဒ်မကောင်းခဲ့ပေမယ့် အဲရစ်ဆန်က ခြေစွမ်းပြခဲ့ပြီး လှပတဲ့သွင်းဂိုးတဂိုးပါ ရယူနိုင်ခဲ့ပါသေးတယ်။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူကတော့ နှလုံးရောဂါကြောင့် ကွင်းထဲလဲကျပြီး ကစားသမားဘ၀အဆုံးသတ်ပြီလို့ ထင်မှတ်ခဲ့ရပေမယ့် ပြန်ကစားနိုင်ချိန်မှာ အရင်ကထက်တောင်မှ ပိုပြီးခြေစွမ်းပြလာတာပါ။ ဒီရာသီမှာ ယူနိုက်တက်ကို အလွတ်ပြောင်းရွှေ့လာခဲ့ပြီး နောက် တန်ဟက်ဂ်ျရဲ့ အားအကိုးရဆုံးကစားသမားလည်းဖြစ်လာခဲ့ကာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး အသင်းကွင်းလယ်ကို ထိန်းကျောင်းပေးနေသူလည်းဖြစ်ပါတယ်။
နှလုံးမှာစက်တပ်ထားပေမယ့် အဲရစ်ဆန်ရဲ့ ခြေစွမ်းကတော့ အသိအမှတ်မပြုဘဲနေလို့မရအောင်ရှိနေခဲ့ပြီး စက်ရုပ်တရုပ်လို မမောနိုင်မပမ်းနိုင် ကစားနိုင်နေခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲက တယောက်ဆိုတဲ့ အနေအထားကိုလည်း ပြန်ရောက်လာပြီလို့ ပြောလို့ရပါတယ်။