ဒဿမတန်းသင်ရိုးညွှန်တမ်းရဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာ ဖတ်စာအုပ်မှာထည့်သွင်း သင်ကြားမှာဖြစ်ပါတယ်။

“ထွန်းထွန်းနှင့်ချိုချို” ဆိုပြီး ဥပမာပြု ရေးသားထားတဲ့ အကြောင်း အရာကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။



ဒဿမတန်း ကျောင်းသုံးစာအုပ်မှာပါဝင်တဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ထဲက မျိုးဆက်ပွား ကျန်းမာရေးသင်ခန်းစာ(Sex Education)ကို သင်ကြားနိုင်ဖို့ ပြန်လည်ပြင်ဆင်ရမယ့် အချက်တွေ ရှိနေသေး တာကြောင့် ကျောင်းသားတွေထံ ဖြန့်ဝေပေးခြင်း မပြုလုပ်ထားဘူးလို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက Duwunကိုပြောပါတယ်။

“ဘဝတွက်တာ ကျွမ်းကျင်စရာ ဖတ်စာအုပ်ကို လက်ရှိမှာ ကလေးတွေထံ မဖြန့်ဝေပေးသေးပါဘူး။အကြောင်းက တော့ ဖတ်စာအုပ်မှာ ထည့်သွင်းထားတဲ့ မျိုးဆက်ပွား ကျန်းမာရေးသင်ခန်းစာ(Sex Education)ကို ပြန်လည်ပြင် ဆင်ရမယ့် အချက်တွေရှိနေတာကြောင့် ဖြစ်ပါတယ်။”လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

သင်ရိုးညွှန်းတမ်းအဖွဲ့က ပြန်လည်ပြင်ဆင်ပြီးရင် ပြင်ဆင်ချက်နဲ့ ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပြီး ဖတ်စာအုပ် ကိုတော့ အသစ်ပြန်လည်ထုတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ သိရပါသေးတယ်။

“ပြင်ဆင်ချက်ပြီးရင် စာအုပ်အဟောင်းကိုပဲ ဆရာတွေက ကိုင်ပြီး ကျောင်းသားကို သင်ပေးတဲ့ စနစ်နဲ့သွားမှာပေါ့၊ သူတို့လက်ထဲကိုတော့ ဖတ်စာအုပ်တွေ မပေးတော့ပါဘူး။ဒါမှမဟုတ် ကျောင်းတွင်း သင်ကြားမှုလုပ်ခွင့်ပြုပြီး ဖတ်စာအုပ်တွေကို အိမ်ကိုသယ်ခွင့်မပြုပဲ ကျောင်းမှာပဲ ထားစေမယ့် ပုံစံမျိုးနဲ့ သင်ကြားပေးသွားဖို့လည်း လုပ် ဆောင်လို့ရပါတယ်။”လို့ ဦးကိုလေးဝင်းက ဆက်လက်ပြောပါတယ်။

မျိုးဆက်ပွားကျန်းမာရေးသင်ခန်းစာမှာပါဝင်တဲ့ “ထွန်းထွန်းနှင့်ချိုချို” ဆိုပြီး ဥပမာပြု ရေးသားထားတဲ့ အကြောင်း အရာကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

သင်ရိုးညွန်းတမ်းကိုတော့ ပညာရေးသုတေသနစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာနက သင်ရိုး အဖွဲ့၊ပညာရေး တက္က သိုလ်၊ ပညာရေးကောလိပ်အသီးသီးက အတတ်သင်ပညာရေးက ဆရာဆရာမတွေ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကျန်းမာရေးပညာရှင်တွေ၊ ပြည်သူ့ကျန်းမာရေးပညာရှင်တွေ၊ ကူးစက်ရောဂါပညာရှင်တွေ၊ နိုင်ငံ တကာမှ အကြံပေးတွေ အားလုံးပူးပေါင်းရေးဆွဲထားတာဖြစ်ပြီး၊ အဲဒီကတစ်ဆင့် အမျိုးသား သင်ရိုး ညွန်းတမ်း ကော်မတီထံကို ဆက်လက် ပေးပို့ကာ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ လမ်းညွှန်မှုနဲ့ ပညာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ဝေထားတာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က