ပစ္စည်းအရောင်းသွက်စေဖို့ကတော့ ကုန်ပစ္စည်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်၊ ဈေးနှုန်း၊ အရောင်အစရှိတဲ့ အချက်အလက် အစုံအလင်ထည့်ပြီးတော့ Facebook, Beetalk, Instagram စတဲ့ လူမှုကွန်ရက်တွေမှာ ပြန်လည်မျှဝေလို့လည်း ရပါသေးတယ်။
Sponsored bylogo

ယခုအခါမှာတော့ "Shopee" ရဲ့ ရောင်းချ ဝယ်ယူသူများနဲ့ တွေ့ဆုံမေးမြန်းမှုများကို တင်ဆက်ပေးလိုက်ပါတယ်။

အစ်ကို့နာမည်နဲ့ ဆိုင်နာမည်လေး ပြောပြပေးပါဦး။

DSC_1348.JPG 

ကျွန်တော့်နာမည်က ကိုကျော်ဇေယျပါ။ အိုင်တီဖက်ရှင်ဆိုတဲ့ အမည်နဲ့အမျိုးသားဝတ် ဖက်ရှင်အဝတ်အစားနဲ့ အသုံးအဆောင် တွေရောင်းချတဲ့ဆိုင် ဖွင့်ထားပါတယ်။  အမျိုးသားဝတ် ရှပ်အင်္ကျ ီ၊ တီရှပ်၊ ဘောင်းဘီ၊ ဂျက်ကက် စတဲ့ ခေတ်မီဒီဇိုုင်းအစုံအလင်ကိုု ရောင်းချပေးနေပါတယ်ခင်ဗျ။

Shopee မှာ ပစ္စည်းတွေတင်ပြီး ဆိုင်ဖွင့်ရောင်းချဖြစ်ပုံလေး ပြောပြပေးပါ။

ကျွန်တော့်ကို Shopee က လာပြီး မိတ်ဆက်ရင်းနဲ့ သိလာတာပါ။ နောက် Facebook မှာ ကြော်ငြာထားတာတွေကနေလည်း သိရပါတယ်။ ကျွန်တော်တို့ ရောင်းချချင်တဲ့ ပစ္စည်းတွေကို Shopee မိုဘိုင်းလ် App ပေါ်မှာ ဘယ်လို တင်ပြီးရောင်းချလို့ရတယ်စတဲ့ နည်းလမ်းတွေကို အဆင့်ဆင့် ရှင်းပြပေးတယ်။

ကျွန်တော် စစချင်း ရောင်းချတဲ့ အချိန်မှာ ပစ္စည်းတင်တာတွေ၊ အချက်အလက်အသေးစိတ်တွေကို Shopee ဘက်ကပဲ ကူညီပြီး တင်ပေးပါတယ်။ နောက် ကျွန်တော်တို့ ရောင်းချင်တဲ့ ပစ္စည်းတွေကို တင်ပြီးရင်လည်း Shopee ဘက်ကနေ ဆက်ပြီးတော့ လိုအပ်တဲ့ ညှိနှိုင်းမှုတွေကို ကြားကနေ လုပ်ဆောင်ပေးပါတယ်။ ရောင်းချဖို့ နည်းလမ်းတွေကလည်း အရမ်းလွယ်ကူပြီး အကျိုးသက်ရောက်မှုလည်း များတယ်လေ။

ဦးဆုံး Shopee မှာ တင်ရောင်းဖို့ Account တစ်ခု လုပ်ရုံပဲ။ ရောင်းမယ့် ပစ္စည်းတွေကို ဖုန်းနဲ့ ဓာတ်ပုံရိုက် ဒါမှမဟုတ် ဖုန်းရဲ့ Gallery ကနေတစ်ဆင့် upload တင်လိုက်ရင် ရပြီလေ။

ပစ္စည်းအရောင်းသွက်စေဖို့ကတော့ ကုန်ပစ္စည်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်၊ ဈေးနှုန်း၊ အရောင်အစရှိတဲ့ အချက်အလက် အစုံအလင်ထည့်ပြီးတော့ Facebook, Beetalk, Instagram စတဲ့ လူမှုကွန်ရက်တွေမှာ ပြန်လည်မျှဝေလို့လည်း ရပါသေးတယ်။

ဖုန်းတစ်လုံုးတည်းနဲ့ အစအဆုံး အကုန်တင်ရောင်းလိုရတဲ့အတွက် သုံးရတာလည်း အရမ်းလွယ်ကူတာနဲ့ Shopee မှာ ပစ္စည်းတွေ တင်ရောင်းဖြစ်နေတာပါ။

 

Shopee မှာ ရောင်းချရတာ အကြိုက်ဆုံးအချက်က ဘာဖြစ်မလဲ။

Shopee မှာက ကွန်ပျူတာကနေတစ်ဆင့်သုံးလို့ရတဲ့ Seller Center လေးပါတော့ ကိုယ်ရောင်းတဲ့ပစ္စည်းတွေ၊ အော်ဒါအခြေအနေတွေကို ဖုန်းနဲ့တင်မဟုတ်ဘဲ ကွန်ပျူတာနဲ့ပါ ကိုယ်တိုင်စီမံခန့်ခွဲလို့ရတာကိုု သဘောကျပါတယ်။ ပြီးတော့ ဝယ်တဲ့သူတွေ ကိုယ့်ပစ္စည်းတွေကို ပိုပြီးသိရှိစေဖို့ Boost လုပ်ပြီးလည်း ရောင်းလို့ရတယ်။ ရောင်းချတဲ့ပစ္စည်းနဲ့ ပတ်သက်တဲ့ အကြံပြုသုံးသပ်ချက်တွေကိုလည်း ပြန်ကြည့်လို့ရတာကို အကြိုက်ဆုံးပါပဲ။ Shopee ဘက်ကနေလည်း ဘာမှဝင်ရောက် စွက်ဖက်တာမျိးု မရှိဘဲ ဝယ်သူနဲ့လည်း တိုက်ရိုက်ချိတ်ဆက် ပြောဆိုနိုင်တဲ့ ChatBox ပါလို့ Delivery အတွက်လည်း  စိတ်ကြိုက်ညှိနှိုင်းနိုင်တာကလည်း သဘောကျမိတဲ့အချက်ပါပဲ။

+++

ညီမ နာမည်နဲ့ အလုပ်အကိုင်ကို ပြောပြပေးပါ။

DSC_1355.JPG 

ညီမက ခင်ခိုင်ခိုင်ခန့် ပါ။ ဒဂုံတက္ကသိုလ် တတိယနှစ် E-major တက်နေပါတယ်။

Shopee ကို ဘယ်လို စပြီးတော့ သိလာတာပါလဲ။

ညီမက Shopee ကို Facebook Page နဲ့ 1 Mobile မှာ စတွေ့တာပါ။ စိတ်ဝင်စားမိတာနဲ့ ဖုန်းထဲမှာလည်း ထည့်သွင်းထားပါတယ်။ Shopee မှာက Online Shopping ဆိုင်တွေတော်တော်များများကို တစ်နေရာတည်းမှာ စုပေးထားတာဆိုတော့ ကိုယ့်စိတ်ကြိုက် ပစ္စည်းအစုံအလင် ရှာလို့ရတယ်လေ။ Shopee မှာ ရှိတဲ့ ဖက်ရှင်အသုံးအဆောင်တွေ၊ အလှအပပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ အိမ်အလှဆင်ပစ္စည်းလေးတွေအပြင် အခြားပစ္စည်းတော်တော်များများကို ကြည့်ဖြစ်ပါတယ်။

Shopee ကနေ ပစ္စည်းအော်ဒါ မှာဖြစ်သွားပုံလေး ပြောပြပေးပါဦး။

ညီမ Shopee ကနေ ဂါဝန်လေးတစ်ထည် စပြီးဝယ်ဖြစ်ခဲ့ပါတယ်။ နောက်တော့ ဖိနပ်၊ အိမ်အလှဆင် ပစ္စည်းလေးတွေလည်း ဝယ်ဖြစ်ပါတယ်။ Shopee မှာက ပစ္စည်းအသစ်အဆန်းလေးတွေ၊ ဒီဇိုင်းဆန်းဆန်းလေးတွေ၊ ချစ်စရာပစ္စည်းလေးတွေ အစုံအလင် ရှိတယ်လေ။ ညီမကလည်း အဲဒါမျိုးကို စိတ်ဝင်စားတယ်လေ။ နောက်ပြီးတော့ အီလက်ထရောနစ်ပစ္စည်းတွေ၊ လက်ပ်တော့၊ ဖုန်းလို နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေလည်း အများကြီး စိတ်ကြိုက်ရှာကြည့်လို့ရတယ်။

 

Shopee မှာ ဘယ်လိုပစ္စည်းတွေ ဝယ်ပြီးပြီလဲ။

ပထမ ဝယ်ခဲ့တာက ဂါဝန်၊ နောက်ပြီးတော့ မီးလင်းတဲ့ ခေါင်းအုံးလေး၊ ဖိနပ် နဲ့ နားကြပ်လေးတွေ ဝယ်ဖြစ်ပါတယ်။

Shopee ကနေ ဈေးဝယ်ရတာ အကြိုက်ဆုံးအချက်လေးတွေရှိရင် ပြောပြပေးပါ။

အကြိုက်ဆုံးကတော့ ခေတ်စားနေတဲ့ ပစ္စည်းတော်တော်များများကို Hashtag(#) လေးတွေနဲ့ ရှာလို့ရတာပါပဲ။ ပြီးတော့ ရောင်းသူနဲ့လည်း တိုက်ရိုက်စကားပြောပြီး ဈေးညှိနှိုင်းလို့ရတာရယ်၊ Delivery ကိုလည်း ညှိနှိုင်းလို့ရတာရယ်၊ ကိုယ်ကြိုက်တဲ့ပစ္စည်းလေးတွေကိုလည်း သူငယ်ချင်းတွေကို ဝေမျှပြသလို့ရအောင် Social Media တွေမှာ Share လို့ရတာရယ်ကို သဘောကျပါတယ်။ တခြားအွန်လိုင်းရှော့ပင်းတွေနဲ့ မတူတာလေးတွေပေါ့။

Shopee အား ပိုမိုသိရှိစေရန် : ယခုလင့်အားနိုပ်ပါ။

Share

Loading Next Article...
က္က