နာပိုလီဘက်က ပေါင်သန်း ၇၀ တောင်းဆိုထားပါတယ်။

ကူလီဘလီက လီဗာပူးလ်ကို ပြောင်းရွှေ့တာထက် မန်စီးတီးကို ရွေးချယ်တာက သူ့အတွက် ပိုမိုကောင်းမွန်မယ်လို့လည်း ယုံကြည်နေပါတယ်။ 


မန်စီးတီးအသင်းဟာ နာပိုလီနောက်ခံလူကူလီဘလီကို ခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ နာပိုလီကလည်း သူတို့ရဲ့ ခံစစ်မှူးကိုရောင်းချသွားဖို့အတွက် ဆုံးဖြတ်ထားပြီးပြီလို့ သိရကာ ကစားသမားဘက်က လီဗာပူးလ်ထက် မန်စီးတီးကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့လည်းသိရပါတယ်။

Sunday Times သတင်းထောက်တစ်ဦးဖြစ်တဲ့ Duncan Castles က ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး ကူလီဘလီရဲ့ တန်ဖိုးဟာ ပေါင်သန်း ရဝအထိ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ကူလီဘလီက လီဗာပူးလ်ကို ပြောင်းရွှေ့တာထက် မန်စီးတီးကို ရွေးချယ်တာက သူ့အတွက် ပိုမိုကောင်းမွန်မယ်လို့လည်း ယုံကြည်နေပါတယ်။ 

နာပိုလီနည်းပြဂတ်တူဆိုက သူ့အနေနဲ့ ဒီနွေရာသီမှာ ကူလီဘလီကို သေချာပေါက်ရောင်းချသွားမှာဖြစ်ပြီး အခြားခံစစ်မှူးတစ်ဦးနဲ့ အစားထိုးသွားမယ်လို့ ပြောဆိုခဲ့ကြောင်းလည်း Duncan Castles က ပြောခဲ့ပါတယ်။ ဆီနီဂေါလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက အသင်းပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်နေခဲ့သူဖြစ်ပါတယ်။

ကူလီဘလီကို မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားခဲ့ပေမယ့် သူ့အတွက် ပေးချေရမယ့်ပြောင်းရွှေ့ကြေးကို နာပိုလီဘက်က အဆမတန်တောင်းဆိုခဲ့လို့ လက်လျှော့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရစ်ကြောင့် ဘဏ္ဍာရေးပိုင်းအခက်အခဲတွေရှိလာခဲ့ပြီးတဲ့နောက်မှာ အီတလီကလပ်က ကူလီဘလီကိုရောင်းထုတ်ပြီး ငွေကြေးရှာဖွေဖို့ ဆုံးဖြတ်ခဲ့ဖွယ်လည်းရှိနေပါတယ်။ 

ဂွာဒီယိုလာလာဟာ ညာဗဟိုခံစစ်ကစားသမားတစ်ဦးကို အလိုရှိနေပြီး လာပေါ့တ်နဲ့ တွဲဖက်ပေးချင်နေတာဖြစ်ပါတယ်။ ကွန်ပနီထွက်ခွာခဲ့ပြီးနောက် အဆိုပါနေရာအတွက် ထိရောက်တဲ့အားဖြည့်မှုကို မပြုလုပ်နိုင်ခဲ့ဘဲ ဒီရာသီမှာ အခက်တွေ့နေခဲ့တာကြောင့် ကူလီဘလီကို ပစ်မှတ်ထားလာခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က