Mask မတပ်တဲ့ဈေးသည်တွေကို မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။

ဈေးတွေမှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေမလိုက်နာတဲ့၊ mask မတပ်ဘဲ ဈေးရောင်းနေတဲ့ ဈေးသည်တွေကို ဒဏ်ငွေရိုက်ပြီး အရေးယူဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ 

နေပြည်တော်က မြို့မဈေးကို အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ရာမှာ တချို့ဈေးသည်တွေက mask မတပ်ထားသလို၊ တချို့က တပ်ပြီးမေးစေ့မှာ ချထားတာတွေတွေ့ရှိတာကြောင့် အခုလို စည်းကမ်းမလိုက်နာတဲ့ ဈေးသည်တွေကို ဒဏ်ငွေရိုက်ပြီး အလေ့အကျင့်ဖြစ်သွားအောင် လုပ်ဆောင်ရမယ်လို့ အတိုင်ပင်ခံကပြောကြားခဲ့တာပါ။



“ နေပြည်တော်က မြို့မဈေးမှာဆို အခြေအနေသိပ်မကောင်းတာတွေ့ရတယ်။ အခြေအနေသိပ်မကောင်းဘူးဆိုတာက လူတွေစုပြုံပြီးနေနေကြတာတွေရှိတယ်။ တချို့ကလည်း mask မတပ်ကြဘူး။ အဲဒါကို ဒဏ်ငွေတွေဘာတွေရိုက်ပြီး အလေ့အကျင့်ဖြစ်အောင်လုပ်ရမယ်။ ရာသီဥတုပူလို့ ကြာကြာမတပ်နိုင်တာကိုနားလည်ပါတယ်။နို င်ငံရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်က ဈေးတွေမှာတောင် စည်းကမ်းတွေမလိုက်နိုင်တာကိုတွေ့ရတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။ 

သက်ဆိုင်ရာမြို့နယ်တွေအလိုက် စည်းကမ်းမလိုက်နာတဲ့ ဈေးသည်တွေကို ကုန်ပစ္စည်းတွေသိမ်းတာမျိုး ပြစ်ဒဏ်ပေးတယ်လို့ ကလောမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ရဲ့ ပြောပြချက်ကိုလည်း ကုန်ပစ္စည်းသိမ်းတာထက် ဒဏ်ငွေရိုက်တာ ပိုလက်တွေ့ကျမယ်လို့ အတိုင်ပင်ခံက ဆွေးနွေးခဲ့ပါတယ်။

"သိမ်းလို့ရှိရင် အလဟဿမဖြစ်သွားစေနဲ့နော်။ ဒါကြောင့်မိုလို့ ဒဏ်ငွေရိုက်တာက နည်းနည်းပိုပြီးလက်တွေ့ကျမလားမသိဘူး" လို့ အတိုင်ပင်ခံက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လူတိုင်း Mask တပ်ကြဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံက အခြေခံလူတန်းစား လက်လုပ်လက်စားတွေများတာကြောင့် အမြဲတမ်း Surgical mask ကို ဝယ်ပြီးအသုံးမပြုနိုင်တာကြောင့် homemade mask တွေကိုသာ အသုံးပြုကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။ 

အခုလို COVID မှာသာ mask တပ်တာမျိုးမဟုတ်ဘဲ မကြာခင်မှာလည်း ရာသီအကူးအပြောင်းကာလကိုရောက်တော့မှာဖြစ်လို့ ရာသီတုပ်ကွေးရောဂါကူးစက်မှုတွေကနေကာကွယ်နိုင်အောင်လည်း ပြည်သူတွေအနေနဲ့ အခုကတည်းက mask တပ်တာကို အလေ့အကျင့်ဖြစ်အောင် လုပ်ထားသင့်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။

ဈေးများအား စနစ်တကျ စီမံဆောင်ရွက်ခြင်းနဲ့ စပ်လျဉ်းပြီး မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်၊ ကလောမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မနက် ၁၀ နာရီမှာ Facebook Live ကနေ အပြန်အလှန်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က