ဇဏ်ခီရဲ့ ရင်တွင်းစကားသံကိုလည်း အခုလို ပြောပြထားပါတယ်။

ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ ဒီနေ့(ဇွန်လ ၁၂) ရက်နေ့မှာ ချစ်သူသက်တမ်း ၁၉ နှစ်ပြည့်ပြီဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စတွေ့တုန်းက အမှတ်တရတွေ၊ ရင်ခုန်မှုတွေကိုလည်း ဇဏ်ခီက အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

Photo: Zenn Kyi

၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ဟာ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံရဲ့ အချစ်ခရီး ၁၉ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို အမှတ်တရနေ့လေးမှာ ဇဏ်ခီက ချစ်ဇနီးချောလေး ခရစ္စတီးနားခီအတွက် သူ့ရင်ထဲက စကားတွေ ဖွင့်ဟ ပြောပြခဲ့ပါတယ်။

‘’Happy Annie My Love "ဘာလို့ချစ်တာလဲ" လို့မေးတိုင်း "မသိဘူးလေ"လို့ဖြေမိတိုင်း စိတ်ကောက်ကောက်သွားတတ်တယ်။ တကယ်လဲဘာလို့လဲလို့ကိုယ့်ကိုယ်ကိုတွေးတိုင်း အဖြေမထွက်ဘူးသီချင်းရေးသူတစ်ယောက်အနေနဲ့ ကြားကောင်းအောင် ကြွေကျအောင် လျှောက်ပြောလို့တော့ရတာပေါ့နော်။’’ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Zenn Kyi

ဇဏ်ခီရင်ထဲက စကားတွေကြောင့်လည်း ပရိသတ်တွေက ကြွေဆင်းသွားရလောက်အောင် အားကျခဲ့မိတယ်လို့ Comment ကနေတဆင့်ပြောခဲ့ကြတာကို တွေ့ရပါတယ်။ ဇဏ်ခီကလည်း ခရစ္စတီးနားခီ နဲ့ သူငယ်ချင်းတွေက စပြီး ချစ်သူအဖြစ်ကို စတငင်ရောက်ရှိခဲ့တာပါ။

‘’တစ်ခုသေချာမှတ်မိတာကတော့ သူငယ်ချင်းတွေစဖြစ်တုန်းက သူ့ကိုတွေ့ပြီဆိုရင်ပျော်တယ်။ သူက ကိုယ့်ကိုပြုံးပြ ရယ်ပြတယ်ဆိုရင် ရင်ထဲမှာနွေးထွေးစေတယ်၊ လုံခြုံမှုတစ်ခုခံစားရတယ်။ ဒဏ္ဍာရီ သီချင်းထဲကစာသားလို "အတိတ်ဘဝက ဆုံခဲ့ဖူးသလား" ဆိုတဲ့ ခံစားချက်မျိုးဖြစ်တယ်။ နေ့တိုင်းတွေ့ချင်နေမိတယ်။ သူ့စကားပြောသံတွေ အမြဲကြားချင်နေမိတယ်။ ဒါက အစပေါ့နော်။’’ လို့ ဆိုပါတယ်။

Photo: Zenn Kyi

တစ်ယောက်နဲ့ တစ်ယောက် ချစ်သူတွေ စဖြစ်တဲ့အချိန်တုန်းက အမှတ်တရတွေကိုလည်း ဇဏ်ခီက ပြန်လည် ပြောပြထားပါသေးတယ်။ သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်ချိန်မှာ ဒါက အချစ်လားလို့ သူကိုယ်တိုင်ပဲ မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။

‘’ရည်းစားတွေဖြစ်ပြီးတော့ စကားများ ရန်တွေဖြစ်တော့လည်း ထူးဆန်းတယ်။ တစ်ခါ တစ်လေပြောတာတွေကလွန်ကုန်ပြီး ပြတ်မယ်ဆိုလည်း ပြတ်လို့ရလောက်တဲ့ အနေအထားတွေရောက်ကုန်တယ်။ ဒါပေမယ့် ပေကပ်ပြီးဆက်တွဲတယ်။ တေးထားခဲ့ဖူးတာတွေ အခုပြန်မှတ်မိဖို့ကြိုးစားလဲ မမှတ်မိတော့ဘူး။ အဲဒါ အချစ်လား’’ လို သူကပြောပါတယ်။

Photo: Zenn Kyi

ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ ၂၀၀၀ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ ချစ်သူတွေ စဖြစ်ခဲ့ကြတာပါ။ အဲဒီနောက် ချစ်သူသက်တမ်း ၅ နှစ်နီးပါးအကြာမှာ အိမ်ထောင်ပြုခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေး နိုဝါကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇဏ်ခီဟာ ပရိသတ်အားပေးမှုအများကြီးရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်လို့နေပါပြီ။ ခရစ္စတီးနားခီကလည်း အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်နေပါပြီ။

Share

Loading Next Article...
က္က