သူမအသက်ကတော့ ၄၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။

စိုးမြတ်သူဇာအတွက် ချစ်ညီမလေးတွေဖြစ်တဲ့ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့က မွေးနေ့ Surprise လုပ်ပေးခဲ့ကြတာ တွေ့ရပါတယ်။ စိုးမြတ်သူဇာကတော့ အခုဆိုရင် အသက် ၄၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။

Photo: Sandi Myint Lwin



သြဂုတ်လ ၃၁ ရက်နေ့ကတော့ ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုးမြတ်သူဇာရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဒါကြောင့် ချစ်ရတဲ့ မကြီးစိုးအတွက် ညီမလေးတွေက Birthday Surprise တွေ လုပ်ခဲ့တယ်လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။

‘’မကြီးမွေးနေ့ဆိုင်မှာ စပရိုက်တိုက်ကြ။ ဗီဒီယိုလေးဖွင့်ကြည့်ကြနော်ဗီဒီယိုလေးကအသက်’’ ဆိုပြီးတော့ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီက ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်လေးကိုတောင် တင်ခဲ့ပါသေးတယ်။ ဒီ ဗီဒီယို ဖိုင်ထဲမှာတော့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ဟာ မင်းသမီး ပိုးထည်တိုက်က ဝန်ထမ်းတွေနဲ့ အတူ ပျော်ပျော်ပါးပါး မွေးနေ့ပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

Photo: Sandi Myint Lwin

အဲဒီနောက် အငယ်ဆုံး ညီမလေးဖြစ်တဲ့ စိုးပြည့်သဇင်ကလည်း မွေးနေ့ဆုတောင်းစကားဆိုထားပါသေးတယ်။ ဂိမ်းအရမ်းဆော့တဲ့ မကြီးကို အမြဲ နိုင်ပါစေ ဆိုပြီးတော့ သြဂုတ်လ ၃၁ ရက်နေ့မနက် ၈ နာရီကျော်က ရေးသားထားတာဖြစ်ပါတယ်။

‘’Happy birthday မကြီး၊ အမြဲပျော်ရွှင်ကျန်း မာစိတ်ချမ်းသာပါစေ။ လိုအင်ဆန္ဒတွေလည်း တစ်လုံးတဝပြည့်စုံပါစေမကြီး။ ဂိမ်းတွေလဲနိုင်ပါစေ’’ လို့ ဆုတောင်းပေးခဲ့ပြန်ပါတယ်။ စိုးမြတ်သူဇာကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်များစွာ၊ အနုပညာရှင် မောင်နှမ များစွာတို့ကလည်း မွေးနေ့ဆုတောင်းစကားတွေ ပြောထားတာ တွေ့ရပါတယ်။

Photo: Sandi Myint Lwin

စိုးမြတ်သူဇာဟာ သူ့ရဲ့ မွေးနေ့မတိုင်ခင် သြဂုတ်လ ၃၀ ရက်နေ့ ညမှာတော့ ရွှေတိဂုံစေတီတော်မှာ ဆီမီး တစ်သောင်းတစ်ထောင် ပူဇော်ခဲ့တာကိုတွေ့ရပါတယ်။

‘’ဒီည ရွှေတိဂုံ ဘုရား မှာ ဆီမီး တစ်သောင်းတစ်ထောင် ကို ပူဇော်ပြီး မနက်ဖြန် မွေးနေ့ အတွက် ကုသိုလ် ယူ ခဲ့ ပါတယ်။ ကျွန်မ နဲ့ အတူ ပါ ဝင်ကုသိုလ် ယူခဲ့တဲ့ ကလေး တွေရော ၊ကူညီ ပံ့ပိုး ပေး ခဲ့ တဲ့ bella မိသားစု ကို ရော အထူး ကျေးဇူး တင်ပါတယ်။ ကျွန်မ ကုသိုလ်က ၄၈ နှစ်ထိ အလုပ်လုပ်ခွင့် ပေးနေတဲ့ ပရိသတ် တွေ ရဲ့ ကုသိုလ် နဲ့ အတူတူပါဘဲ။ ဒါကြောင့် ပရိသတ် တွေကိုလည်း အထူး အထူး ကျေးဇူးပါ ရှင်’’ လို့ရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo: Soe Myat Thuzar

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။

အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။ အခုလက်ရှိမှာလည်း စိုးမြတ်သူဇာဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူ တစ်ယောက်ပါ။ ဒါ့အပြင် စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့နဲ့ အတူပေါင်းပြီး ‘’မင်းသမီး ပိုးထည်တိုက်’’ ဆိုတဲ့ ပိုးထည်ဆိုင်ကို ဖွင့်ထားတာ တွေ့ရပါတယ်။



Share

Loading Next Article...
က္က